မျက်နှာပေါ်မှာ ရေခဲကပ်ရင်သတိထားရမယ့်အချက်လေးတွေ

//s9.kh1.co/27/27e3d5fcc6069504817ce80936a5b653cc06919b.jpg
MPT Lifestyle

 ၀၂-ဒီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဝက်ခြံပေါ်မှာ ရေခဲကပ်ရင်သတိထားရမယ့်အချက်လေးတွေ

မျက်နှာပေါ်ကဝက်ခြံပြဿနာဟာ လူတိုင်းတွေ့ကြုံရတဲ့ စိတ်ညစ်စရာအသားအရေပြဿနာတစ်ခုပါ။ အများစုဟာဝက်ခြံယောင်ယမ်းတဲ့ပြဿနာကိုရေခဲကပ်ပြီးတော့ ဖြေရှင်းကြလေ့ရှိပါတယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ ရေခဲကိုတိုက်ရိုက်ကပ်တာထက် ရေခဲထုပ်လိုမျိုးတစ်ခုခုမှာထည့်ပြီးတော့မှ ကပ်တာကပိုထိရောက်ပါတယ်။

https://s9.kh1.co/__image/w=532,h=626,q=100/51/51e4b8ba8089373e046118d65cfc1879aac237b8.jpg

ဒါ့အပြင် ရေခဲကပ်တာက ယောင်ယမ်းတာကိုသက်သာစေတယ်ဆိုပေမဲ့ မျက်နှာပေါ်မှာအကြာကြီးထားထားရင် အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာပေါ်တိုက်ရိုက်အကြာကြီးထားထားတာထက် ခဏတစ်ဖြုတ်ကပ်တာမျိုးကပိုအဆင်ပြေပါတယ်။ ရေခဲကိုမျက်နှာပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းပွတ်ဆွဲတာမျိုးမလုပ်ဘဲ ဖြေးဖြေးချင်း ဂရုတစိုက်ပွတ်တာမျိုးလုပ်ရပါမယ်။

https://s9.kh1.co/__image/w=564,h=609,q=100/4b/4ba198c7d4a1998cc24b21428d6cbcfa1a2e99ba.jpg

ရေခဲကပ်တဲ့အနားတဝိုက်မှာ အသားအရေနီရဲတာ ယားယံတာမျိုးဖြစ်လာရင် ရေခဲကပ်တာကိုချက်ချင်းရပ်လိုက်သင့်ပါတယ်။ ရေခဲကပ်ပြီးနောက် ချက်ချင်းကြီးရေနွေးတွေနှင့် မျက်နှာသစ်တာမျိုးကလည်း အသားအရေကိုဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=423,q=100/42/42dac74399e5b58f47ee91dff72c044fd5c36027.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T