မြန်မာ့သမိုင်း အစောဆုံး မုန့်ဟင်းခါး

//s9.kh1.co/0f/0febb20f5d5b09162b0ef1ac450f37e3e6fafe57.jpg
MPT Lifestyle

 ၂၈-နို-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မြန်မာ့သမိုင်း အစောဆုံး မုန့်ဟင်းခါး

မြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သက်ပြီး ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိဖူးတော့ မုန့်ဟင်းခါး  ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှပါတယ်။ မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့ထားပါတယ်  ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် "မုန့်တီ" ဟုသုံးနှုန်းခဲ့ပါတယ် ယခုအခါတွင် မုန့်ဟင်းခါးကို "မုန့်တီ" ဟု ပြောဆိုသောသူကာ အနည်းငယ်သာရှိပါတော့တယ်

https://s9.kh1.co/__image/w=650,h=488,q=100/d4/d4f6fb1356d8bea4839d18272407c6ca929b02fe.jpg

 "မုန့်တီ"သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုတာပါ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆထားကြပါတယ် မိုဟင်းခါးလိုလည်း ခေါ်ဆိုကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/2b/2bf78f754d0bbeac45df6e269a5aac6ef0303f2d.jpg

 ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ယူဆခဲ့ကြပါတယ်  မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်းနဲ့  မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုထားပါတယ်

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T