ပုဇွန်ဆီပြန် ချဉ်ချဉ်စပ်စပ်

//s9.kh1.co/9c/9ca2de5a28a306ca2a5bd17ddb0f208eaecf2a43.jpg
MPT Lifestyle

 ၂၈-နို-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ပုဇွန်ဆီပြန် ချဉ်ချဉ်စပ်စပ်


ဒီတစ်ခါတော့ ပုဇွန်ကို ချက်နေကျပုံစံအတိုင်း မချက်ပဲ မအီအောင် ဆီပြန်ချဉ်စပ်လေး ချက်စားကြရအောင် ။ ပါဝင်ပစ္စည်းမများပဲ အရသာရှိပြီးခံတွင်းတွေ့စေတဲ့ ဟင်းတစ်ခွက် ဖြစ်လို့ အတူချက်စားကြရအောင် ချက်နည်းလေး လာပြောပြ တာပါနော်။ ပါဝင်ပစ္စည်းတွေကတော့ -

https://s9.kh1.co/__image/w=650,h=342,q=100/29/29f9fa9b58db3ad07825cf83edf9487018c4bacc.jpg

ပုဇွန်

ကြက်သွန်ဖြူ/နီခရမ်းချဉ်သီး/ငရုပ်သီးစိမ်း၊ ငရုပ်သီးကြော်ထောင်း

မန်ကျည်းမှည့်/နံနံပင် တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး ပုဇွန်ကိုစနစ်တကျကိုင်ကာ ရေစင်အောင်ဆေးထားပါမယ်။ နနွင်းမှုန့် ၊ ဆား၊ အရသာမှုန့်၊ ပုဇွန်ငံပြာရည် အနည်းငယ်ထည့်ပြီးနှပ်ထားပါမယ်။ ပြီးနောက် ကြက်သွန်ဖြူ၊ နီ ငရုပ်သီးကြော်ထောင်း တို့ကို ရောကာ ညက်အောင် ထောင်းထားပါ။ မန်ကျည်းမှည့်ကို ရေစိမ်ကာ အနှစ်ပြုလုပ်ထားပါ။ ငရုပ်သီးစိမ်း နဲ့ နံနံပင်ကို နုတ်နုတ်ကိုက်ထားပါ။ခရမ်းချဉ်သီးများများကို အတုံးငယ်များလှီးဖြတ်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/1e/1eff236e57d32a71d7ffc0947bb1a7f834565986.jpg

ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ ဆီပူပူမှာ ထောင်းထားသေား ကြက်သွန်ဖြူ၊နီ၊ အရောင်မှုန့်တို့ကို ဆီသတ်ပါ။ ကြက်သွန်နံ့မွှေးလာပါက ခရမ်းချဉ်သီးများ နှင့်ငပိအနည်းငယ် ထည့်ကာ အနှစ်ကျသည်အထိ ဆီသတ်ပါ ။ ခရမ်းချဉ်သီးအနှစ်ကျပါက ပုဇွန်ထည့်ကာဆီပြန်လာသည်အထိချက်ပါ။ ပုဇွန်ဆီပြန်လာပါက မန်ကျည်းရေထည့်ပြီး ရေခမ်း၍ ဆီပြန်ကာ ပုဇွန် ကျက်သည်အထိချက်ပါ။ ပုဇွန်ကျက်ပါက ကတ်ကြေးဖြင့်ကိုက်ထားသော ငရုပ်သီးစိမ်းတို့ကို ထည့်ကာမိနစ်အနည်းငယ်အုပ်ထားပြီး အပေါ့ အငံမြည်း၍ နံနံပင်အုပ်ကာသုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T