စုံတွဲတွေအတွက် ချစ်စရာကောင်းတဲ့ ဆင်တူဖက်ရှင်လေးများ

//s9.kh1.co/7a/7aa791ed77a27cf27cf1e9d2a6f8b4f63f928595.jpg
MPT Lifestyle

 ၂၇-နို-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

စုံတွဲတွေအတွက် ချစ်စရာကောင်းတဲ့ ဆင်တူဖက်ရှင်လေးများ

https://s9.kh1.co/__image/w=564,h=705,q=100/02/02922aa0fbfaf61d5b999149d2be418a5b85d201.jpg

စုံတွဲဝတ်စုံအဖြစ် အထက်အောင်ပြောင်းပြန်လေးဝတ်တာကလည်း ကြည့်ကောင်းပြီးလိုက်ဖက်မှုရှိတဲ့ပုံစံပါ။ အထူးတလည်အားမစိုက်ရဘဲ ကာပယ်လ်ဂိုးလို့ရနိုင်တဲ့ အိုင်ဒီယာတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/b1/b1029363053cd64aaeef8fce65f46101bbe3a19e.jpg

မိန်းကလေးဝတ်ဆင်ထားတဲ့ ဂါဝန်အရောင်နှင့်ဆင်တူတဲ့ ရှပ်အင်္ကျီကို ယောကျာ်းလေးကဝတ်ဆင်တာကလည်း ချစ်စရာကောင်းတဲ့ စုံတွဲဝတ်စုံလေးပါ။

https://s9.kh1.co/__image/w=563,h=771,q=100/16/16646611e4a3ed58733dc7e1199fb8873f9caa68.jpg

တကူးတက အရောင်တူတွေဝတ်ဆင်တာမဟုတ်ဘဲ အရောင်အဖျော့လေးတွေကို အဆင်ပြေရာတွဲဖက်ဝတ်တာကလည်း အမြင်ဆန်းပြီးချစ်စရာကောင်းပါတယ်။

https://s9.kh1.co/__image/w=564,h=557,q=100/de/de88450d21032deb3dbf2535442ac31998f2ac66.jpg

လုံးဝဆင်တူကြီးဝတ်ဆင်တာမဟုတ်ဘဲ အပေါ်ဝတ်ရှပ်အင်္ကျီကိုပဲ ဆင်တူဝတ်လိုက်တာကလည်း ရိုးရှင်းပြီးတော့ အဆင်ပြေတဲ့စုံတွဲဝတ်စုံအိုင်ဒီယာတစ်ခုပါ။

https://s9.kh1.co/__image/w=564,h=564,q=100/45/459b38ce3eb11bc71ac24a0c82ecbdf4a03ff2cf.jpg

အပေါ်အောက်အရောင်တူတွေဝတ်တာကလည်း စုံတွဲတွေအကြားနာမည်ကြီးတဲ့ စုံတွဲဝတ်စုံဒီဇိုင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=560,q=100/e9/e9f21be64bf736112426f2bbb0229f34650cb6b4.jpg

အရောင်တစ်ရောင်ကိုပဲ ဦးတည်ထားပြီးအရောင်ရင့်နှင့်အရောင်ဖျော့ကိုတွဲဖက်ပြီးဝတ်ဆင်တာကလည်းပဲ စုံတွဲဝတ်စုံလို့မထင်ရပေမဲ့ အတူတူယှဥ်သွားလိုက်ရင် လှနေတဲ့ပုံစံဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/db/db80127a3cb4daf7c07184c567807efaebaa9f49.jpg

ယောကျာ်းလေးရဲ့တီရှပ်အရောင်ကိုလိုက်ပြီး မိန်းကလေးရဲ့ဂါဝန်ကိုတွဲဖက်ဝတ်ဆင်တာကလည်းပဲ သာမာန်ဝတ်စုံနှင့်တူနေပေမဲ့ ဆင်တူဝတ်စုံအဖြစ်လည်းဝတ်ဆင်နိုင်တဲ့အိုင်ဒီယာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/a8/a89ddf7f3fd5a27e7506ed88899f96d78f2ab8a1.jpg

ဒါ့အပြင် မိန်းကလေးဖက်ကနေပြီးတော့ ယောကျာ်းလေးရဲ့ရှပ်အရောင်နှင့်တူတဲ့ အသုံးအဆောင်တစ်ခုခုကိုဝတ်ဆင်တာကလည်းပဲ လိုက်ဖက်မှုရှိပြီးတော့ ချစ်စရာကောင်းတဲ့စုံတွဲဖက်ရှင်လေးဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T