အရသာရှိတဲ့ ပြည်ကြီးငါးဆီပြန်လေးချက်စားရအောင်

//s9.kh1.co/f9/f928e5994e304faa182265a8fca4136bd77cd753.jpg
MPT Lifestyle

 ၂၄-နို-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အရသာရှိတဲ့ ပြည်ကြီးငါးဆီပြန်လေးချက်စားရအောင်

            ပြည်ကြီးငါးကို လူတော်တော်များက ချဉ်စပ်ချက်စားကြတာကိုတွေ့ရပါတယ် အသီးလေးတွေနဲ့ ဆီပြန်ချက်စားတာကိုတော့ တွေ့ရရှားပါတယ် အဲ့ဒါကြောင့် ဒီတစ်ခါတော့ ပြည်ကြီးငါးကို အသီးအနည်းငယ်နဲ့ အရသာရှိအောင် ဆီပြန်ချက်နည်းလေးလာပြောပြတာပဲဖြစ်ပါတယ်။

            အဓိကပါဝင်ပစ္စည်းတွေကတော့-

            ပြည်ကြီးငါး/            ခရမ်းချဉ်သီးအမှည့်/            ငရုပ်ပွ၊ ရွှေပဲသီး/            ကြက်သွန်ဖြူ၊ နီ/ဂျင်း/ငရုပ်သီးစိမ်းအနည်းငယ်၊နံနံပင် တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/2e/2e900893e70f25e7c1a3ab7f483bd4ed7bfce8ab.jpg

            ပါဝင်ပစ္စည်းတွေကို အရင်ပြင်ရအောင်နော်။ ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီးမိမိနှစ်သက်ရာ ပုံစံအတိုင်းလှီးဖြတ်ကာ ဆား၊ အရသာ၊ ပဲငံပြာရည်တို့နဲ့နယ်ကာ အရသာဝင်အောင်မိနစ်အနည်းငယ်နှပ်ထားပါ ပြီးနောက် ကြက်သွန်ဖြူ/နီ/ ဂျင်း နဲ့ ငရုပ်သီးစိမ်းတို့ကို ညက်အာင်ထောင်းထားပါ။ ခရမ်းချဉ်သီး ကို အနေတော်ကိုက်ထားပါ။ ငရုပ်ပွနဲ့ ရွေပဲသီးကိုအနေတော်လှီးဖြတ်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/2d/2dd729c212ccdf5cf4e7d26b084e6fc0a574387d.jpg

            အားလုံးပြင်ပြီးရင်တော့ ဒယ်အိုးတွင်ဆီအနေတော်ထည့်ကာ ထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို နနွင်း၊ အရောင်မှုန့် ထည့်ကာ အနံ့မွှေးလာသည်အထိဆီသတ်ပေးပါ။ ခရမ်းချဉ်သီးထည်ကာ အနစ်ဖြစ်သည်အထိချက်ပါ။ခရမ်းချဉ်အနှစ်ရပါက  ပြည်ကြီးငါးထည့်ကာ မိနစ်အနည်းငယ်ခန့် ဆီပြန် လာ အောင်ချက်ပြီးအရသာမြည်းကာမိမိနှစ်သက်သလိုပြင်ဆင်ပါ ။ပြီးနောက်လှီးဖြတ်ထားသော ငရုပ်ပွ၊ ရွှေပဲသီး တို့ထည့်ကာပြည်ကြီးငါးကျက်ပြီးရေခမ်း‌အောင် ချက်ပေးပါ။ ရေခမ်းပြီးဆီပြန်လားပါက နံနံပင်ဖြူးကာ သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T