ငါးဖယ် ချဉ်စပ်လေးသုပ်စားရအောင်

//s9.kh1.co/9b/9b407e291b5b74868112b9974ecdc4bfed3301db.jpg
MPT Lifestyle

 ၂၄-နို-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ငါးဖယ်ကို ချက်နေကြပုံစံမဟုတ်ပဲ ချဉ်စပ်လေးသုပ်စားရအောင်

ငါးဖယ်ဟာဝယ်ရလွယ်ကူပြီးဈေးလဲသက်သာတဲ့ အတွက်လူတော်တော်များများဝယ်စားလေ့ရှိပါတယ် တစ်ခါတစ်ခါတော့လဲ ငါးဖယ်ချက်စားရတာရိုးလာတဲ့အခါတွေရှိပါတယ် အဲ့ဒီလိုအခါမျိုးမှာ ကိုယ်တိုင်လုပ်စား ဖြစ်တဲ့ ငါးဖယ်ချဉ်စပ်သုပ်နည်းလေးပြောပြပေးမယ်။ ဈေးသက်သာပြီးအရသာရှိလို့အိမ်မှာ အတူသုပ်စားကြရ အောင်နော်။

https://s9.kh1.co/__image/w=650,h=342,q=100/3e/3e42390d53c29144d38968b8aeb5ffb97e79feb8.jpg

ပါဝင်ပစ္စည်းတွေကတော့ -

ငါးဖယ်ကြော်/ကြက်သွန်ဖြူဆီချက်/ပါးပါးလှီးထားသော ကြက်သွန်နီ

ကတ်ကြေးဖြင့်နုတ်နုတ်ကိုက်ထားသော ခရမ်းချဉ်သီး /မြေပဲထောင်း/ငရုပ်သီး/သံပုရာသီး

ခြစ်ဖြင့်ပါးပါးခြစ်ထားသော ဂေါ်ဖီ အနည်းငယ်/နံနံပင်တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/98/9804c0779baf35e0feeccb4e9d6264018220590d.jpg

ကြော်ထားသောငါးဖယ် ကို ကတ်ကြေးဖြင့်နုတ်နုတ်ဖြစ်စေ၊ ခပ်ကြီးကြီးဖြစ်စေ ကိုက်ထားပါ။ ပြီးလျှင် တော့ ခရမ်းချဉ်သီး ၊ နံနံပင် နဲ့ ငရုပ်သီးတို့ကို ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ်ကိုက်ကာ ကြက်သွန်နီကို အခွံခွာပြီးပါးပါးလှီး ထားပါ။ ပြီးနောက် ကိုက်ထားသော ငါးဖယ်၊ခရမ်းချင်သီး၊ ကြက်သွန်နီ ၊ ‌ဂေါ်ဖီ၊ ငရုပ်သီး နဲ့ မြေပဲထောင်းတို့အားလုံးကို ဇလုံတစ်လုံးတွင်ထည့်ပါ။ ပြီး‌နောက် ကြက်သွန်ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်တို့ထည့်ကာ နှံ့အောင်နယ်ပေးပါ။ ပြီးနောက် အရသာအနေတော်ဖြစ်ပါက ပန်းကန်တွင် ထည့်ကာ သံပုရာရည်ဆမ်း၍ နံနံပင်ဖြူးပြီးပါက အရသာရှိတဲ့ ငါးဖယ်ချဉ်စပ်သုပ်လေးရပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T