ဒေသအမျိုးမျိုးနှင့် ရာသီဥတုအမျိုးမျိုးအပေါ် အခြေခံ၍ မြန်မာ့ကျေးလက်အကသည် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေကြသော ကျေးလက်နေ တောင်သူများ အသိုက်အဝိုင်း၌ ခွဲခြား၍မရသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။

ကျေးလက်ရိုးရာအကများဟာ နေ့စဉ်လူမူဘဝ လှုပ်ရှားမှုများကို ဖော်ကျူးထားတဲ့ သီချင်းစာသားများနှင့်အတူ လိုက်လျောညီထွေစွာ လှုပ်ရှားကပြရတဲ့ ရိုးရာ အက တစ်ခုဖြစ်ပါတယ်။ လူသိများ ထင်ရှားပြီး အလှူလုပ်တိုင်းမပါမဖြစ်အကမှာ ဦးရွှေရိုးအက ဖြစ်ပါတယ် ဦးရွှေရိုး ရဲ့ ဝတ်စားဆင်ယင်ပုံမှာ လူကြီးလူကောင်းကဲသို့ ဝတ်စား ဆင်ယင်ထားပြီး နှုတ်ခမ်းမွေအရှည်တပ်ကာ၊ လက်တွင် ပုသိမ်ထီး တစ်ချောင်းကိုင်ထားပါတယ် လည်စည်း ကို လည်ပင်းတွင် ပတ်လျက် ပြောက်ကျားခေါင်းပေါင်း နှင့် တောင်ရှည်ပုဆိုးကွက်ကျားဝတ်ပြီး ကပြရတာဖြစ်ပါတယ်။

ကပြသည့်အခါ ဦးရွှေရိုး၏ မျက်နှာ အမှုအရာက ဆွဲဆောင်မှုရှိတဲ့ မိန်းမငယ်လေးတစ်ဦးကို ရှာဖွေရာ တွေ့မြင်လိုက်ရတဲ့အတွက် ပိုးပန်းနေသည့် ပုံသဏ္ဍာန်သရုပ်ဆောင်ပြီး ကပြရတာ ဖြစ်ပါတယ် ဒါမှလည်း ကြည့်ရှုသူများ ပိုစိတ်ဝင်စားကြတယ်မဟုတ်လား သူ၏ လူကြိုက်များသော သရုပ်ဆောင်အမှုူအရာမှာ မိန်းမပျိုလေးကို တွေ့မြင်သွားသည့်အခါတွင် ဖြစ်ပေါ်လာသော ကို့ရိုကားယား အမှုအရာ ဖြစ်သွားတာလေးက ကျေးလက်ရိုးရာအက ကို ပိုထင်ရှား ပေါ်လွင်စေတာပါ