စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦးရောက်လာချိန် ဆွမ်းစားချိန်နဲ့ တိုက်နေပါတယ် ထိုအချိန်မှာ ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ လို့မေးလိုက်ပါတယ်

စကားပြန်က ဘုန်းဘုန်းကိုမေးတဲ့အခါ် မှာတော့ ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်း ဖြစ်ကြောင်းကို ရှင်းပြပါတယ် ဘုန်းဘုန်းတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီး ဆွမ်းစားတာဟာ အနီးအနားမှာ ရှိနေတဲ့ ဖြတ်သွားဖြတ်လာ လုပ်ကြတဲ့ ဘုရားဖူး ခရီးသွား သံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ် ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာဖြစ်ပါတယ်တဲ့ ပြီးတော့ ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်ဒါယိကာ ဆွမ်းဒါယိကာမများဟာ မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက်အလှူရှင်များအနေဖြင့် ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် အတွက်လည်း ဖြစ်ပါတယ်

ခရီးသွားဆရာတော်သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန် ရောက်လျှင်စားသောက်ဆိုင်များဝင်၍ အကုန်အကျခံဘုဉ်းပေးတော်မမူကြပါနှင့် သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက်ဘုဉ်းပေးတော်မူကြပါ ဆွမ်းစားပင့်ခြင်းပင်ဖြစ်ပါတယ် လို့ သိရပါတယ်





