ဝက်သားကို ပုံစံမျိုးစုံး အရသာမျိုးစုံနဲ့ ချက်စားကြတာကိုတွေ့ရပါတယ် မိတ်ဆွေကော ဝက်သားကို ဘယ်လိုချက်စားလဲ? ဒီတစ်ခါတော့ ဝက်သားကို အရသာ အရမ်းရှိပြီး ထမင်းမြိန်စေတဲ့ ဝက်ကဖောင် ခေါ်တဲ့ ဝက်ပင်စိမ်းချက်နည်းလေးပြောပြပါမယ် ခံတွင်းပျက်ပြီးထမင်းစားမဝင်တဲ့သူတွေအတွက် တော့ ကွက်တိ ပဲနော်

ပါဝင်ပစ္စည်းတွေကတော့-
ဝက်သား (အသားသီးသန့်)/ကြက်သွန်ဖြူ/ဗိုလ်စားပဲ/ငရုပ်သီးစိမ်း/ ငရုပ်သီးခြောက်
ယိုးဒယားပင်စိမ်း (ခေါ်) ဖက်ကဖောင်ရွက် တို့ပဲဖြစ်ပါတယ်။
ပထမအနေနဲ့ ဝက်သားကို နုတ်နုတ်စင်းထားပါ ကြက်သွန်ဖြူ ၊ ငရုပ်သီးခြောက်၊ ငရုပ်သီးစိမ်း၊ အရောင်မှုန့်တို့ကို ညက်အောင်ထောင်းထားပါ ဗိုလ်စားပဲကို လည်း ခပ်နုတ်နုတ်လှီးထားပါ။ ပြီနောက် ဖက်ကဖောင်းရွက်ကို အရွက်များ သင်ကာ အရိုးများဖယ်ထားပါ

ဒုတိယအနေနဲ့ ဆီပူပူတွင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပါ ဆီပူကာ ကြက်သွန်ဖြူ အနံ့သင်းလာပါက ဝက်သားထည့်ကာမိနစ် အနည်းငယ် အထက်အောက်မွှေပေးပါ မိနစ်အနည်းငယ် အထက်အောက်မွှေပေးပြီးပါက ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည်/အနောက်၊ခရုဆီ တို့ထည့်ကာ အထက်အောက်မွှေပေးပါ ပြီးနောက် ရေ အနည်းငယ် ထည့်ကာ ရေခမ်းသည်အထိချက်ပါ။ ရေခမ်းပါက ဖက်ကဖောင်ရွက် ထည့်ကာ အဖုံးခဏအုပ် ထားပြီး ဖက်ကဖောင်ရွက်တို့နွမ်းလာပါက အရသာမြည်းစမ်းကာ သုံးဆောင်နိုင်ပါပြီ။