
ဆံပင်ရှည်ကို သပ်ရပ်တဲ့ပုံစံမဟုတ်ဘဲ တမင်ရှုပ်ပွနေတဲ့ပုံမျိုးလုပ်ပြီးတော့ အရှည်ကိုကျစ်ဆံမြီးကျစ်ထားတာကလည်း ရိုးရှင်းပြီးကြည့်ကောင်းတဲ့စတိုင်တစ်ခုဖြစ်ပါတယ်။

ဆံပင်ရှည်ကိုစုထုံးပြီးတော့ မျက်နှာရှေ့မှာဆံမြိတ်တွေကို သပ်သပ်ရပ်ရပ်လေးချထားတဲ့စတိုင်ကလည်း လုပ်ရလွယ်ကူပြီးတော့ ဆံပင်ရှည်တွေအတွက်အဆင်ပြေတဲ့ဆံပင်စတိုင်တစ်ခုဖြစ်ပါတယ်။

ဆံပင်အကုန်လုံးကို လုံးဝအပြောင်သိမ်းလိုက်ပြီးတော့ အပေါ်မှာထုံးဖွဲ့တာမျိုးကလည်း ရိုးရှင်းပြီးလုပ်ရလွယ်ကူတဲ့စတိုင်တစ်ခုပါ။

၉၀ ခုနှစ်နှာင်းပိုင်းမှာနာမည်ကြီးခဲ့တဲ့ ဆံပင်တွေကိုတစ်ဖက်မှာပဲချပြီး ကျန်တစ်ဝက်ကိုနောက်ဖက်ပို့ထားတာကလည်း လှတဲ့အပြင် လုပ်ရလွယ်ကူတဲ့စတိုင်တစ်မျိုးဖြစ်ပါတယ်။

ရေတံခွန်ပုံစံလို့ခေါ်ကြတဲ့ ဒီလိုဆံပင်စတိုင်မျိုးဟာ ဆံပင်ရှေ့နားကနေပြီးနောက်ဖက်ကိုအနည်းငယ်လောက်စုထားပြီးကျန်တဲ့ဆံပင်တွေကိုချထားတဲ့ပုံစံပါ။ လုပ်ရလွယ်ကူတဲ့အပြင် လှပကျော့ရှင်းတဲ့ပုံစံကိုဖြစ်စေပါတယ်။

ပွန်နီတေးလို့ခေါ်တဲ့ ဆံပင်စတိုင်ပါ။ အရင်ခေတ်တွေတုန်းကတော်တော်များများစည်းလေ့ရှိတဲ့ပုံစံဖြစ်ပါတယ်။ ဆံပင်တွေကို ခေါင်းအနောက်ဖက်အထိမြှောက်ပြီးစည်းနှောင်တဲ့ပုံစံဖြစ်ပါတယ်။

ဆံပင်အကုန်စည်းထားတာကိုမှ နောက်ဖက်မှာမစည်းဘဲဘေးဖက်ကိုချထားပြီး စည်းတဲ့ပုံစံပါ။

ဆံမြိတ်ချထားပြီး နောက်ဖက်ကိုကျစ်ဆံမြီးကျစ်ထားတဲ့ပုံစံကလည်း ကပိုကရိုပုံစံလေးနှင့်လှနေတဲ့ဆံပင်စတိုင်ဖြစ်ပါတယ်၊

ဆံပင်အရှည်ကို အကုန်နောက်လှန်တင်တဲ့စတိုင်ကလည်း လုပ်ရခက်နိုင်ပေမဲ့ မိမိုက်ပြီး ထက်မြက်တဲ့ပုံပေါ်စေတဲ့စတိုင်ဖြစ်ပါတယ်။
Photos from Pinterest