အမဲသားကို အရသာရှိအောင် ဆီပြန်လေးချက်စားကြမယ်

//s9.kh1.co/51/51825dc32bf5ce274ce3fb12a99a9f5a919e16cb.jpg
MPT Lifestyle

 ၁၅-နို-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

အမဲသားကို အရသာရှိအောင် ဆီပြန်လေးချက်စားကြမယ်။

အမဲသားကို လူတော်တော်များများစားကြပါတယ် အားအင်ပြည့်ဝပြီး အသားဓာတ်ကြွယ်ဝတဲ့ အတွက် အားကစားလုပ်တဲ့ သူတွေ အမြဲလိုလိုစားတတ်ကြတယ်  အမဲသားကို စားခြင်ပေမယ့် မချက်တတ်လို့ မစားရတဲ့သူတွေအတွက် ဒီတစ်ခါတော့ ရိုးရိုးလေးနဲ့ ချက်ရမခဲယဉ်းပဲ ‌အရသာရှိအောင်ဆီပြန် ချက် နည်းလေးလာပြောပြတာနော်

https://s9.kh1.co/__image/w=650,h=342,q=100/80/802033521819c95f55fbbf7ac1b884c842901cdc.jpg

ပါဝင်ပစ္စည်များမှာတော့-

အမဲသား

ကြက်သွန်ဖြူ/နီ

ဂျင်း

ငရုပ်သီး

 ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

(၁) အမဲသားကို ရေစင်အောင်ဆေးပြီး သင့်တော်သလို အတုံးငယ်များတုံးထားပါ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ခရုဆီ၊ မဆလာ၊ ရှာလကာရည် အနည်းငယ် နဲ့ ထောင်းထားသော ကြက်သွန်ဖြူ ၊ နီ၊ ဂျင်းတို့မှတစ်ဝက်ခွဲပြီး  တုံးထားသော အမဲသားတို့နဲ့ နယ် ကာ နာရီဝက်ခန့် နှပ်ထားပါ။ ပြီးလျှင်တော့ ခရမ်းချဉ်သီးကို အတုံးခပ်ကြီးညှပ်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/6f/6f30fea17ddaa796989cdb1ac69f16dc17e806bb.jpg

(၂)ဆီပူပူတွင် ထောင်းထားသော ကြက်သွန်ဖြူ /နီ နဲ့ ငရုပ်သီးအရောင်မှုန့်တို့ထည့်ကာဆီသတ် ပါ။ ပြီးနောက် ကြက်သွန်ဖြူနံ့သင်းလာပါက ခရမ်းချဉ်သီးကို ထည့်ကာ အနှစ်ကျသည်အထိချက်ပါ။ ခရမ်းချဉ်သီး အနှစ်ကျပါက နှပ်ထားသော အမဲသားကို ထည့်ကာ ဆီပြန်အောင်ချက်ပါ ရေများများ ထည့်ကာ ရေခမ်း၍ အမဲသားနူးပြီးဆီပြန်အောင်ချက်ပါ။ အမဲသာနူး ကာဆီပြန် လာပါက အရသာအပေါ့အငံ မြည်းကာ မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T