ဒီတစ်ခါတော့ မနက်စာအတွက် အချိန်အများကြီးပေးစရာမလိုပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပေါင်မုန့် ကြက်ဥလေးကြော်စားကြရအောင်။ ပေါင်မုန့်ကြက်ဥကို ကြော်နေကျအတိုင်းရိုးရိုးမကြော်ပဲ ကိုရီးယားစတိုင် ငရုပ်ကောင်း၊ နံနံပင်တို့နဲ့ အရသာရှိရှိကြော်စားကြည့်ရအောင်နော် ကြော်နည်းလေးပြောပြမယ်။
ပါဝင်ပစ္စည်းတွေကတော့-
ပေါင်မုန့်
ကြက်ဥ
ကြက်သွန်နီ(အတုံးငယ်များတုံးထားပါ)
နံနံပင် (နုတ်နုတ်ကိုက်ထားပါ)
အတုံးငယ်တုံးထားသော ငရုပ်ပွအနည်းငယ်တို့ပဲဖြစ်ပါတယ်။

ပထမနေနဲ့တော့ ကြက်ဥကို ပန်းကန်တစ်လုံးတွင် အကာအနှစ်သမအောင် ခေါက်ထားပါ။ ကြက်သွန်နီ၊ နံနံပင်၊ အရောင်မှုန့် ၊ ငရုပ်သီးခွဲခြမ်းမှုန့်၊ ငရုပ်ပွ တို့ ရောထည့်ပါ။ ပြီးနောက် ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်းတို့ ထည့်ကာ သမအောင်မွှေပါ။

ဒုတိယအနေနဲ့ ဒယ်အိုးကို ထောပတ်ဆီသုပ်ကာ မီးအပူပေးပါ ပေါင်မုန့်ကို သမအောင် မွှေထားသော ကြက်ဉ ပန်းကန်ထဲသို့ နှစ်ကာ ဒယ်အိုးတွင်အနည်းငယ်အပူပေးပြီး ပေါင်မုန့်၏အပေါ်ဖက်ကို ကျန်သော ကြက်ဥ အနှစ်အနည်းငယ် လောင်းကာ မိနစ်အနည်းငယ်ထားပါ။ နောက်တစ်ဖက်လှန်ကာ ကျန်သော အနှစ်များ ထပ်လောင်းကာ ကြက်ဥများကို အနည်းငယ်ရွှေရောင်သန်းလာသည် အထိတစ်ဖက်ချင်း အပြန် အလှန် လှန်ပေးပါ။ ကြက်ဥတို့ကျက်ပါက မရောနိစ့်၊ ဆောစ့် တို့ဆမ်းကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။





