စမူဆာချဉ်စပ်လေးသုပ်စားကြမယ်

//s9.kh1.co/fa/fafdb7c7d77d97219af76250774155eb1fad671e.jpg
MPT Lifestyle

 ၁၅-နို-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

စမူဆာချဉ်စပ်လေးသုပ်စားကြမယ်

စမူဆာသုပ်ကို ဆိုင်မှာဝယ်စားကြတဲ့ အခါ စားလို့ကောင်းပေမယ့် ဝအောင်တော့ မစားရဘူး မဟုတ်လား။ ဒီတစ်ခါတော့ ဆမူဆာသုပ်ကို ကုန်ကျစရိတ်နဲနဲ နဲ့ အိမ်မှာ အဝသုပ်စားကြရအောင်  စမူဆာသုပ်နည်းလေး ပြောပြမယ်နော်။  

ပါဝင်ပစ္စည်းတွေကတော့-

ဆမူဆာ

ကြက်သွန် ဖြူ/နီ

ခရမ်းချဉ်သီး

ပါးပါးခြစ်ထားသော ဂေါ်ဖီထုပ်အနည်းငယ်။

ငရုပ်သီး/ ပူစီနံ တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/df/df307e80d8bcaff8d2799a3b7cec79477076c419.jpg

 ကြက်သွန်နီကို ပါးပါးလှီးထားပါ ခရမ်းချဉ်သီးကို နုတ်နုတ်ကိုက်ထားပါ  ပူစီနံနဲ့ ငရုပ်သီးကိုလည်း နုတ်နုတ် လှီးထားပါ  ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ကြက်သွန်ဖြူဆီချက် အနည်းငယ် ချက် ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/c7/c7895cf0619903dbf152456057ee3635e4025f1a.jpg

ပြီးလျှင်တော့ စမူဆာကို အနေတော်ကိုက်ဖြတ်ကာ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပါးပါး ခြစ် ထားသော ဂေါ်ဖီ၊ ငရုပ်သီး၊ပူစီနံ တို့နဲ့ အတူ ဇလုံ   တစ်လုံး မှာထည့်ပါ။ ပြီးနောက် ဆီချက်ဆမ်းကာ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည် တို့ထည့်ကာ ခပ်ဖွဖွနယ်ပါ။(စမူဆာက ဆီကြော်ဖြစ်တာကြောင့် ဆီအများကြီး သုံးစရာ မလို ပါဘူးနော်) ပြီးလျှင်တော့ အရသာ အပေါ့အငံ မြည်းကာ အချဉ်ကြိုက် ပါက သံပုရာသီးဆမ်းကာ ပူဆီနံဖြူး၍ သုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T