ကိုယ့်ပတ်ဝန်းကျင်က ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ယောက်က စိတ်ဓာတ်ကျနေပြီဆိုရင် သူ့အတွက်အဆင်ပြေလာအောင်လုပ်ပေးနိုင်မယ့်အရာတွေကိုဖော်ပြသွားပါမယ်။ အရင်ဆုံး စိတ်ဓာတ်ကျခြင်းကဘယ်လိုမျိုးလဲဆိုတာကို သိအောင်လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုသိမှသာ သူရင်ဆိုင်နေရတဲ့နာကျင်မှုကို ကိုယ်ချင်းစာပြီးနှစ်သိမ့်ပေးနိုင်မှာပါ။

သူရင်ဆိုင်နေရတဲ့ စိတ်ကျရောဂါဟာသာမာန်အဆင့်လား ဒါမှမဟုတ် ပြင်းထန်နေတဲ့အဆင့်လားဆိုတာကိုဂရုပြုပေးပါ။ တစ်ကယ်လို့ပြင်းထန်နေတယ်ဆိုရင် သူ့ကိုမသိသာအောင်စောင့်ကြည့်ပြီးအန္တာရာယ်များတဲ့အပြုအမူတွေမလုပ်မိအောင် ဂရုစိုက်ရပါမယ်။

သူပြောတဲ့အကြောင်းအရာတွေကိုဝေဖန်ထောက်ပြပေးတာထက် ဒီတိုင်းငြိမ်ပြီးနားထောင်ပေးလိုက်တာက ပိုကောင်းပါတယ်။ ကျွမ်းကျင်သူတစ်ယောက်လိုမျိုုး အကြံဉာဏ်တွေပေးတာထက် တစ်ကယ့်ကျွမ်းကျင်သူဆီကိုရောက်နိုင်ဖို့နည်းလမ်းရှာပေးပါ။ လိုအပ်လာရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေဆီဆွေးနွေးတိုင်ပင်ဖို့ ကူညီပေးသင့်ပါတယ်။
