သီးစုံထမင်းကြော် မွှေးမွှေးလေးကြော်စားရအောင်

//s9.kh1.co/00/002d2b4c2860846483b96560617ab8812908c68b.jpg
MPT Lifestyle

 ၁၀-နို-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

သီးစုံထမင်းကြော် မွှေးမွှေးလေးကြော်စားရအောင်

နေ့တိုင်းထမင်းကို အသားငါးနဲ့စားရတာငြီးငွေ့နေပြီလား။ ဒီတစ်ခါတော့ ထမင်းကို အသားငါးနဲ့မဟုတ်ဘဲ အသီးအရွက်လေးနဲ့ ကြော်စားကြည့်ရအောင်။

https://s9.kh1.co/__image/w=650,h=342,q=100/9c/9c26a06c13289ad33a94e4046aab0f7d0a632f01.jpg

သီးစုံထမင်းကြော်ဖို့အတွက် ပထမဆုံးထမင်းအေးအေးတစ်ပန်းကန်ကိုဆား၊ အရသာမှုန့်၊ ပဲငံပြာရည်ထည့်ကာခပ်ဖွဖွချေပြီး မိနစ်အနည်းငယ်ထားပါ။ ဗိုလ်စားပဲ၊ ပန်ဂေါ်ဖီ၊ မုန်လာဥနီ တို့ကို ရေစင်အောင်ဆေးပြီး အတုံး ခပ်သေးသေးတုံးပါ။ ကြက်အူချောင်းကိုလည်း အနေတော် အဝိုင်းလေးများလှီးဖြတ်ပါ။ ပြီးရင်တော့ ကြက်ဥတစ်လုံးကို ပန်ကန်တစ်ချပ်မှာဖောက်ထည့်ပြီး  ဆား၊ အရသာမှုန့်တို့နဲ့ အကာအနှစ်သမအောင် ခေါက်ထားပါ။ 

https://s9.kh1.co/__image/w=650,h=342,q=100/66/66aa853dc8b3fef8354172873a171236b27ab069.jpg

ကြက်သွန်ဖြူကို ဓားပြားရိုက်၍နူတ်နူတ်စင်းထားပါ။ ပြီးရင်တော့ ဒယ်အိုးပူပူမှာ ကြက်သွန်ဖြူမွှေး လာသည် အထိဆီသတ်ပါ။  ကြက်သွန်ဖြူများကြွပ်ကာ အနံ့မွှေးလာပါက ခေါက်ထားသောကြက်ဥထည့်ကာ ကြေအောင်မွှေပါ။ပြီးနောက် အတုံးငယ်များတုံးထားတဲ့ အသီးများထည့်ကာနွမ်းလာသည်အထိကြော်ပေးပါ။ အသီးများနွမ်းလာပါက ကြက်အူချောင်းထည့်ကာအချိန်ခဏမျှမွှေပြီး အရသာနယ်ထားသောထမင်းကို ပဲငံပြာရည်အနောက်အနည်းငယ်ထည့်ကာ ကြော်ပေးပါ။ အနံ့မွှေးကာထမင်းတို့ အိလာပါက အရသာမြည်းကာ ကြက်သွန်မြိတ်ဖြူး ၍ သုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T