ကဲဒီတစ်ခါတော့ ဟင်းချက်ဖို့ပျင်းတဲ့သူတွေတောင်လွယ်လွယ်ကူကူနဲ့ချက်စားနိုင်တဲ့ အရသာရှိတဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေးချက်နည်းလေးပြောပြပါမယ်။ ဟင်းတစ်ခွက်အတွက် ပါဝင်ပစ္စည်းတွေကလည်းမများပါဘူး။ဝက်သားမျှစ်ချဉ်ချက်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
(၁)ဝက်သား
(၂) မျှစ်ချဉ်
(၃)ကြက်သွန်ဖြူ/နီ/ဂျင်း
(၄)ငရုပ်သီး နဲ့ နံနံပင်တို့ ပဲဖြစ်ပါတယ်။
(၁) ဝက်သားကို အညှီနံ့နဲ့ အကျိအချွဲပျောက်အောင် ဆား၊ သံပုရာသီး အနည်းငယ်နဲ့ဆေးထားပါ။ ပြီးလျှင်တော့ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ကြံညို့တို့နဲ့နှပ်ထားပေးပါ။ပြီးလျှင်တော့ ကြက်သွန်ဖြူ/နီနဲ့ ဂျင်းတို့ကိုထောင်းထားပေးပါ။

(၂)ဒုတိယအနေနဲ့ ဒယ်အိုးထဲကိုဆီထည့်၍ ထောင်းထားသော ကြက်သွန်ဖြူ/နီ နဲ့ ဂျင်တို့ကိုထည့်၍ ဆီသတ်ပေးပါ။ ကြက်သွန်၊ ဂျင်းတို့ရဲ့ အရောင်ပြောင်းလာလျှင်တော့ ဝက်သားထည့်ကာ အထက်အောက် မွှေကာဆီပြန်လာသည်အထိချက်ပါ။ ပြီးလျှင်တော့ ရေထည့်၍ ဝက်သားအနည်းငယ်နူးသည်အထိချက်ပေးပါ။ ဝက်သားအနည်းငယ်နူးလာ လျှင်တော့ မျှစ်ချဉ်ကိုရေစင်အောင်ဆေး၍ ဝက်သာနဲ့ရောကာ နှစ်မျိုးစလုံး သည်အထိချိက်ပါ။ ဝက်သားနဲ့မျှစ်ချဉ်နူးလာကာရေအနေတော် ကျန်ပါက ငရုပ်သီးနှင့် နံနံပင်တို့ကို မိမိတို့နှစ်သက်သလိုထည့်ကာသုံးဆောင်နိုင်ပါပြီ။






