တစ်နှစ်တစ်ခါရောက်လာတဲ့ မွေးနေ့ရက်တွေမှာအခမ်းအနားလေးတွေမလုပ်ရင်တောင်မှ ကိတ်တစ်လုံးနှင့်တင် ပွဲလေးကျင်းပပြီးအမှတ်တရပုံလေးတွေရိုက်လို့ရပါတယ်။ ကိတ်တစ်လုံးထဲနှင့်တင် မိုက်တဲ့ပုံလေးတွေဘယ်လိုရိုက်ရမလဲဆိုတာကို ပုံလေးတွေနှင့်ဖော်ပြပေးသွားပါမယ်။

မျက်နှာကိုအဓိကထားပြီး အနီးကပ်ရိုက်ထားတဲ့ ဒီလိုပုံတွေကလည်း အင်စတာဂရမ်ဆန်ပြီးတော့ မိမိုက်တဲ့မွေးနေ့အမှတ်တရဓာတ်ပုံတွေပါပဲ။

ကိတ်ပုံလေးကိုပါပေါ်အောင်ရိုက်ပြီး လူပုံပါပေါ်တဲ့ ဒီလိုပို့စ်မျိုးကလည်း ချစ်စရာကောင်းပြီး အမှတ်တရဖြစ်တဲ့ ပို့စ်ပဲဖြစ်ပါတယ်။

ကိတ်သေးသေးလေးတွေနှင့် အပြောင်ပို့စ်လိုမျိုးပုံစံလေးတွေလည်းရိုက်လို့ရပါတယ်။ မွေးနေ့ဦးထုပ်ဆောင်းတာမျိုးဆိုရင် ပိုပြီးပုံလှသွားသလိုမွေးနေ့အမှတ်တရလည်းပိုဖြစ်ပါတယ်။

မွေးနေ့ကိတ်လေးတွေကို ကိုက်စားတော့မလိုမျိုးပို့စ်လေးတွေကလည်း ချစ်ဖို့ကောင်းပြီးရိုက်ကိုရိုက်သင့်တဲ့ ပုံစံလေးပါ။

အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ကိတ်ကိုလက်နှင့်စားတဲ့ ပို့စ်တွေကလည်း အမှတ်တရဖြစ်သလို ရိုက်ဖို့ကြိုးစားကြည့်သင့်တဲ့ပုံတွေပါ။ ဒီလိုပုံလေးတွေဟာလူငယ်ဆန်ပြီးတော့ ဆိုရှယ်မီဒီယာမှာတင်ဖို့အတွက် အဆင်ပြေတဲ့ပုံလေးတွေဖြစ်ပါတယ်။


ရှန်ပိန် ဒါမှမဟုတ် ဝိုင်ခွက်လှလှလေးတွေနှင့်ကိတ်ကိုအတူတွဲပြီးရိုက်ကူးတာကလည်း အမြင်ဆန်းသလို အမှတ်တရဖြစ်စေတဲ့ ပုံလေးတွေဖြစ်ပါတယ်။





