Chubby Girl လေးတွေအတွက် ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့်နည်းလမ်းများ

//s9.kh1.co/67/67ff9f07ef6bc54a5c088e3db84f3a7ee2eb5311.jpg
MPT Lifestyle

 ၀၇-နို-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Chubby Girl လေးတွေအတွက် ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့်နည်းလမ်းများ

(၁) A Line Dress တွေကိုအဓိကထားပြီးဝတ်ပါ။ အပေါ်ပိုင်းကြပ်ပြီး‌ အောက်ဖက်မှာဝဲကားတဲ့ဝတ်စုံလေးတွေက ဝနေတာကိုမသိသာစေသလို ခန္တာကိုယ်ပုံစံကိုလည်းလှလှလေးဖြစ်အောင် ပုံဖော်ပေးနိုင်တာကြောင့် အဲ့လိုဂါဝန်တွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=751,q=100/e7/e779b8998bad8f4aecc2b3e7c4cd2a28d27580cc.jpg

(၂) အင်္ကျီအဝတ်အစားတွေဝယ်ရင် အဓိကအနေနှင့် လည်ပင်းပေါက်ကိုအဓိကထားကြည့်ပါ။ ကိုယ့်ရဲ့လည်ပင်းကိုသွယ်သွားစေတဲ့ U ပုံစံလည်ပင်းပေါက်၊ ပုခုံးပျောက်အင်္ကျီတွေနှင့် Sweetheart Neck ပုံစံကိုရွေးချယ်သင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=751,q=100/ad/adcddc9c276f10cedbd81618f49079a5b54286bf.jpg
https://s9.kh1.co/__image/w=564,h=751,q=100/84/84f3d3dca50a38de67658247c7def264b25216a7.jpg

(၃) ကိုယ်ကြပ်ဝတ်စုံတွေကို ဝတ်ဆင်ပါ။ ဝနေတာကြောင့် အပွတွေကိုပဲဝတ်မယ်ဆိုရင် ပိုဝနေသလိုပုံပေါ်စေမယ့်အပြင် ခန္တာကိုယ်ကောက်ကြောင်းတွေကိုပါ ဖုံးကွယ်လိုက်သလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် Fit ဖြစ်တဲ့ Fashion တွေကိုယုံကြည်မှုရှိရှိနှင့်ဝတ်ဆင်ပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/00/0043d06a50a393a5c70eec8a54a461e2a01b9200.jpg

(၄) အရောင်တွေကိုစုံအောင်ရောပြီးဝတ်တာမျိုးကိုရှောင်ကြဥ်ပါ။ အရောင်တွေကိုတစ်ရောင်ထဲဆက်ဝတ်ခြင်းက ပိန်ပါးတဲ့အသွင်အပြင်ကိုပေါ်စေပါတယ်။

https://s9.kh1.co/__image/w=564,h=854,q=100/96/969b325a1dc66ad0e8d65449484649ed4d9aeb42.jpg

(၅) လက်မောင်းပါတဲ့ အင်္ကျီလက်ရှည်တွေဝတ်ရင် ဗြောင်တွေထက် အပွင့်အကြီးကြီးနှင့်အစက်တွေပါတဲ့အင်္ကျီတွေကိုဝတ်ဆင်သင့်ပါတယ်။ ဒီလိုအပွင့်အကြီးကြီးတွေပါတာက လက်မောင်းကြီးတာနှင့် အဆီပိုတွေကိုထင်သာမြင်သာမဖြစ်အောင်လုပ်ပေးနိုင်တာကြောင့်ပါ။

https://s9.kh1.co/__image/w=564,h=751,q=100/ee/ee9d23d519b8f76fc8c402d2fe5d47a9c32ff6d4.jpg

(၆) မှန်ကန်တဲ့ ဘရာကိုရွေးချယ်ပါ။ ဝတဲ့လူတွေအနေနှင့် ကိုယ့်ရဲ့ရင်သားအနေအထားနှင့်ခန္တာကိုယ်ပုံစံကိုသေချာကြည့်ပြီးတော့ အဆင်ပြေတဲ့ဘရာကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/2f/2ff8babeb6f6817395ffe743e4e02b3740c35c02.jpg

(၇) အပေါ်ပိုင်းအတွက် Top တွေရွေးချယ်တဲ့အခါ Fit ဖြစ်ပြီးတော့ လည်ပင်းကိုသေချာဖော်ပြပေးနိုင်တဲ့ လည်ဟိုက်ပုံစံတွေကိုပဲရွေးချယ်ပါ။

https://s9.kh1.co/__image/w=563,h=750,q=100/ce/ced071e802f3329a6d0804fda8286ec5db6fcff9.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T