
Vintage ဆန်တဲ့အဝတ်အစားလေးတွေနှင့် လမ်းမပေါ်မှာ နှစ်ယောက်အတူတွဲရိုက်တာကလည်းရိုးရှင်းပြီးအမှတ်တရတွေအပြည့်ဖြစ်နေစေမယ့်ပုံပါ။ အထူးသဖြင့် နှစ်ယောက်သားရဲ့ငယ်ဘဝ ဒါမှမဟုတ် ချစ်သူဘဝတုန်းကအမှတ်တရတွေရှိတဲ့နေရာမှာရိုက်တာကအဓိပ္ပါယ်ရှိတဲ့ ပုံလေးဖြစ်လာမှာပါ။


အတူစားသောက်ခဲ့ဖူးတဲ့ဆိုင် ဒါမှမဟုတ် စတွေ့ခဲ့တဲ့ဆိုင်လိုမျိုးအမှတ်တရရှိတဲ့ဆိုင်နှင့်နေရာတွေမှာ မင်္ဂလာဝတ်စုံလေးတွေနှင့်ရိုက်တာကလည်း သာမာန်ဆန်ပေမဲ့ချစ်စရာကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ပုံလေးတွေပါ။


သာမာန်ဈေးလမ်းကြား ဒါမှမဟုတ် သာမာန်လူရှုပ်တတ်တဲ့ဆိုင်လေးတွေမှာ Weddign Suit နှင့်ပုံရိုက်တာဟာထူးဆန်းပြီး ခေတ်ဆန်တဲ့အငွေ့အသက်ကိုရစေတဲ့ ပုံတွေဖြစ်ပါတယ်။ အထူးသဖြင့်လူငယ်စုံတွဲတွေအကြားမှာ နာမည်ကြီးလူကြိုက်များတဲ့ပုံစံတွေဖြစ်ပါတယ်။


သဘာဝရှုခင်းတွေကြားမှာ သာမာန်ဝတ်စုံလေးတွေနှင့်ရိုက်ကူးတာ ဒါမှမဟုတ် မင်္ဂလာဝတ်စုံကိုပေါ့ပေါ့ပါးပါးပုံစံလေးတွေနှင့်ရိုက်ကူးတာမျိုးကလည်း စုံတွဲတွေကြိုးစားကြည့်သင့်တဲ့ ပုံပဲဖြစ်ပါတယ်။


သတို့သားနှင့်သတို့သမီးအဝတ်တွေလှဲဝတ်တာ ဒါမှမဟုတ် ရီစရာကောင်းတဲ့ပို့စ်လေးတွေလုပ်ပြီးရိုက်ကူးတာကလည်း တစ်ကယ်အမှတ်တရဖြစ်ပြီး ပျော်စရာကောင်းတဲ့ပုံတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာဒီပုံတွေကိုပြန်ကြည့်ဖြစ်ရင်တောင် ပျော်စရာအမှတ်တရတွေအများကြီးကိုပြန်မြင်ယောင်လာစေမယ့်ပုံတွေပါ။


ဆိုင်ကယ် ဒါမှမဟုတ် အများသုံးဘတ်စ်စကားလိုမျိုးယာဥ်တွေပေါ်မှာရိုက်ကူးတာကလည်း လွတ်လပ်ပြီး လက်တွေ့ဆန်တဲ့ပုံလေးတွေပါ။ ရိုးရိုးရှင်းရှင်းဖြစ်တဲ့အပြင် အကုန်အကျလည်းသက်သာစေနိုင်တဲ့ ပုံလေးတွေဖြစ်ပါတယ်။