ရာသီဥတုအေးအေးလေးကို ငါးကြင်းချဉ်စပ်လေးနဲ့ အန်တုကြမယ်။

//s9.kh1.co/de/de6b881d7e34dddfc428f4a4503d0b3f538a0c9a.jpg
MPT Lifestyle

 ၀၆-နို-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ငါးကြင်းချဉ်စပ်လေးနဲ့ အန်တုကြမယ်။

 ရာသီဥတုအေးအေးလေးနဲ့ ငါးကြင်းချဉ်စပ်လေးလွယ်လွယ်ချက်စားကြမယ်။ဒီဟင်းလေးကတော့ ဟင်းမချက်တတ်တဲ့ သူတွေအတွက် အလွယ်တကူ ချက်စားနိုင်တဲ့ အရသာရှိတဲ့ ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ အခုတော့ ဒီဟင်းလေးကိုဘယ်လိုချက်လဲဆိုတာကိုပြောပြမယ်နော်။

https://s9.kh1.co/__image/w=650,h=434,q=100/60/6004412cce2753aa27c4228e9e2afd88ee815881.webp

            ဟင်းမချက်ခင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

(၁) ငါးကြင်းငါး

(၂) ကြက်သွန်ဖြူ/နီ

(၃)ရှမ်းနံနံ

(၄)သံပုရာသီး နဲ့ ငရုပ်သီးစိမ်း တို့ဘဲဖြစ်ပါတယ်။

ပထမ အနေနဲ့ ငါးကိုညှီနံ့ ပျောက်အောင် သံပုရာသီး နဲ့ ဆားကိုသုံးပြီးရေစင်အောင်ဆေးကြောပါ။ ပြီးလျှင်တော့ ငါးကို နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်အနည်းငယ် နဲ့ အချဉ်မိမိ လိုအပ်သလောက် သံပုရာသီး‌ရေထည့်၍ နှပ်ထားပါ။

https://s9.kh1.co/__image/w=650,h=1033,q=100/06/063a0f4f33ea4de7b381c1084275d0add683e379.webp

            ဒုတိယအနေနဲ့ ကြက်သွန်ဖြူ/နီ နဲ့ ငရုပ်သီးတို့ ကြေညက်အောင်ထောင်းပါ။ပြီးလျှင်တော့ရှမ်းနံနံ ကိုရေစင်အောင်ဆေးကာ နုပ်နုပ်ကိုက်၍ ကြက်သွန် ငရုပ်သီးတို့နဲ့အတူ အနည်းငယ်ထောင်းထားပါ။

            တတိယအနေနဲ့ကတော့ ငါးကို ရေအနည်းငယ်ထည့်၍‌ရေခမ်းပြုတ်ထားကာဆယ်ယူထားပေးပါ။ ဒယ်အိုးကိုဆီထည့်ကာ ထောင်းထားသောကြက်သွန်ဖြူ/နီ ၊ ငရုပ်သီးတို့နဲ့ ရှမ်းနံနံတို့ကို အရောင်မှုန့် အနည်းငယ်ထည့်ပြီးဆီသတ်ပါ။ အနံ့မွှေးလာပါက ငါးထည့်၍အနည်းငယ်မွှေပေးပါ။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ‌တော့ ရေလိုအပ်သလောက်ထည့်ကာ ဆူကာငါးနူးလာပါက သုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T