Relationship တစ်ခုမှာ တစ်ဖက်ပါတနာကိုလုံးဝမပြောသင့်တဲ့စကားတွေ

//s9.kh1.co/0c/0cfee8a5a5b454231846f41cece4ed41dd9327aa.jpg
MPT Lifestyle

 ၀၃-နို-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

Relationship တစ်ခုမှာ တစ်ဖက်ပါတနာကိုလုံးဝမပြောသင့်တဲ့စကားတွေ

(1) If you love me, do this for me.(ငါ့ကိုချစ်ရင် ဒါလုပ်ပေး)

ပါတနာဖြစ်သူကို တစ်ကယ်ချစ်ရင်ဆိုတဲ့အကြောင်းပြချက်မျိုးနှင့် သူမလုပ်ချင်တဲ့အရာတွေကိုတွန်းအားမပေးသင့်ပါဘူး။ ဒီလိုလုပ်ခြင်းဟာ ဆက်ဆံရေးကိုဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=640,h=426,q=100/8f/8f42c9f37655c64eff1171179ded3d4173be1a0c.webp

(2) Why are'nt you more like her?( နင်ဘာလို့သူ့လိုမျိုးမဖြစ်ရတာလဲ?)

ပါတနာဖြစ်သူကိုအပြင်လူတစ်ယောက်နှင့်ယှဥ်ပြောခြင်းက လုံးဝကိုမပြောသင့်တဲ့စကားဖြစ်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ယုံကြည်မှုကိုချိုးနှိမ်လိုက်သလိုမျိုးဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0d/0dd9646499be8dff17ee43940afbe7b154bdb8ca.jpg

(3) I told you so.(ငါပြောခဲ့သားပဲ)

ပြဿနာတွေကြုံတဲ့အခါ ငါပြောသားပဲ ဆိုတဲ့စကားမျိုးထက် ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေကိုအတူရှာဖို့အရေးကြီးပါတယ်။ ဒီလိုပြောလိုက်မိရင် တစ်ဖက်လူအနေနှင့် စိတ်ခုသွားတာ ဒါမှမဟုတ်စိတ်ပျက်သွားတာမျိုးဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=732,q=100/57/5716fc4e9f60db1db058759e3147ecf3a3031ac0.jpg

(4) I am over this(မင်းကို တော်တော်လေးစိတ်ကုန်နေပြီ)

ဒီလိုစကားမျိုးဟာ ချစ်သူတွေကြားမှာမပြောသင့်ဆုံးစကားတွေထဲကတစ်ခုဖြစ်ပါတယ်။ ပြဿနာတက်နေချိန်မှာ ဒီစကားကိုပြောလိုက်တာဟာဆက်ဆံရေးကိုအဆုံးသတ်လိုက်ရအောင်ဆိုတာနှင့်အတူတူပဲဖြစ်တာကြောင့် မပြောသင့်ပါဘူး။

https://s9.kh1.co/__image/w=650,h=367,q=100/25/2577eba95510ad62f1e375c7dcbb4d9ba338fcfb.jpg

(5) You are so needy.( မင်းကအရမ်းတွယ်ကပ်လွန်းတယ်)

တစ်ဖက်ပါတနာရဲ့ တွယ်ကပ်မှုတွေကို သဘောမကျဘူးဆိုရင်တောင် တိုက်ရိုက်ကြီးပြောတာထက် သေချာရှင်းပြပြီးတွယ်ကပ်မှုတွေကိုလျော့ပေးဖို့ ပြောသင့်ပါတယ်။ တွယ်ကပ်ခြင်းကအလွန်အကျွံဖြစ်လာရင်တော့ တိုက်ရိုက်ပြောပြီး ဆက်ဆံရေးကိုရှေ့ဆက်ဖို့စဥ်းစားသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=334,q=100/36/3635291871daf4695c0274900f069077a503c62e.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T