အသားအရေလှဖို့အတွက် ငွေကြေးအကုန်အကျခံပြီး အလှကုန်တွေဝယ်သုံးတာ ဆေးခန်းတွေပြသတာမျိုးလုပ်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ ငွေမကုန်ဘဲအသားအရေလှနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။

(၁) အိပ်ရေးဝဝအိပ်ပါ။ အိပ်စက်ခြင်းကလူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကို အများကြီးအကျိုးသက်ရောက်တာကြောင့် အိပ်ရေးဝဝအိပ်တာက အသားအရေပြဿနာတွေကိုနည်းပါးသွားစေနိုင်ပါတယ်။

(၂) အစားအသောက်တွေကလည်း အသားအရေကိုအဓိကပြုပြင်ပေးတဲ့အရာဖြစ်တာကြောင့် ကိုယ်စားသောက်တဲ့အစားအစာတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကျန်းမာလတ်ဆတ်တဲ့အစားအသောက်တွေကို အတတ်နိုင်ဆုံးရွေးချယ်စားသောက်သင့်ပါတယ်။

(၃) ရေသောက်ခြင်းကလည်း အသားအရေအစိုဓာတ်ကိုတိုက်ရိုက်ပေးစွမ်းနိုင်တာကြောင့် တစ်ရက်ကိုအနည်းဆုံး နှစ်လီတာလောက်သောက်ပေးသင့်ပါတယ်။

(၄) အသုံးအဆောင်ပစ္စည်းတွေ အထူးသဖြင့် မျက်နှာနှင့်နီးကပ်တဲ့ အိပ်ရာခင်း စောင် ခေါင်းအုံးစွပ်နှင့် မျက်နှာသုတ်ပုဝါတွေကိုသန့်ရှင်းအောင်ထားပေးတာက အသားအရေပြဿနာကိုအတိုင်းအတာတစ်ခုအထိလျော့နည်းစေနိုင်ပါတယ်။

(၅) တစ်ရက်ကိုအချိန်တစ်ခုပေးပြီး လေ့ကျင့်ခန်းလုပ်ပေးတာကလည်းထိရောက်တဲ့နည်းလမ်းတစ်မျိုးပါ။ ခန္တာကိုယ်ထဲက မကောင်းတဲ့ချွေးတွေကိုစစ်ထုတ်ပေးနိုင်တာကြောင့် အားကစားတစ်ခုခုလုပ်ရင်း အသားအရေကိုထိန်းသိမ်းနိုင်ပါတယ်။
