မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ ဖွန်းလူမျိုးများကြောင်း

//s9.kh1.co/13/13ad6d4bf46a98c3f1e7e76bdc5859705b2b5660.jpg
MPT Lifestyle

 ၃၁-အောက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ ဖွန်းလူမျိုးများကြောင်း

ဖွန်းလူမျိုးမျိုးဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ လူမျိုးစု (၁၃၅ ) မျိုးထဲမှာ ပါဝင်ပြီး ဗမာတိုင်းရင်းသား (၉) မျိုးမှာ ပါဝင်တဲ့ မျိုးနွယ်စုတစ်စုဖြစ်ပါတယ်။ ဖွန်းလူမျိုးဆိုတာက လက်ရှိ မြန်မာနိုင်ငံမှာ လူသိနည်းပါးတဲ့ လူမျိုးစုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/3d/3d648271b36174b99d6f6b0ad6a413203759465e.png

ယနေ့ခေတ် လူ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ သိကြတာ ဖြစ်ပါတယ်။ ဖွန်းလူမျိုးများဟာ တကယ်တော့ တိဘက်နှင့် ဗမာ အနွယ်ဝင်များဖြစ်ပါတယ်။  သမိုင်းမှတ်တမ်းတွေရဲ့ အဆိုအရ ဖွန်းလူမျိုးများဟာ မင်တီ နှင့် မင်ဝန်ဒေသကနေ ပြောင်းရွှေနေထိုင်လာကြတဲ့ လူမျိုးတွေကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=1071,q=100/9d/9d2fdc722bf6d17ccde0e75673d1d95925452d0e.png

သူတို့ဟာ မရူ၊လရှီ၊ အဇီး၊ နှင့် မိုင်းသာလူမျိုးတွေလိုပဲ ဗမာစကားပဲပြောဆိုကြတာပါ။ ဖွန်းလူမျိုးများစုကတော့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင် နယ်နိမိတ် အလယ်မှာ နေထိုင်ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=217,h=232,q=100/cb/cb53b262dfb80349381623f58db9d13b496646c8.jpg

ဒါပေမယ့် မြစ်ကြီးနားခရိုင်မှာနေတဲ့ ဖွန်းလူမျိုးတွေနှင့် ဗန်းမော်ခရိုင်းအတွင်း နေထိုင်ကြတဲ့ ဖွန်းလူမျိုးက အနည်းငယ် ကွဲပြားပါတယ်။ ယနေ့ခေတ် မြစ်ကြီးနားခရိုင်အတွင်းမှာ‌နေထိုင်ကြတဲ့ ဖွန်းလူမျိုးတွေကိုတော့ ဖွန်းဆမန်း(သို့) မွန်ဝန်ဖွန်းလူမျိုးလို့ခေါ်ကြပြီး ဗန်းမော်ခရိုင်းအတွင်းမှာ နေထိုင်ကြတဲ့ ဖွန်းလူမျိးတွေကိုတော့ ဖွန်းဖျေ(သို့) မွန်တီဖွန်းလူမျိုးဆိုပြီ ကွဲပြားစွာ ခေါ်ကြတာ ဖြစ်ပါတယ်။ ဖွန်းရွာတွေဆိုရင် တစ်ရွာကို အိမ်ခြေ ၃-၄၀ ခန့်လောက်ပဲ ရှိကြပြီး အဓိက တောင်ယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Source - wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T