ဝက်သားကို ဘယ်လိုပုံစံမျိုး ချက်စားကြသလဲ။ ဝက်အချိုချက် ဒါမှမဟုတ် ဝက်သနီချက် မဟုတ်ဘဲ ငရုတ်သီးစိမ်းနှင့် ရခိုင်ချက်စပ်စပ် ပုံစံပြောင်းပြီး ချက်စားကြလား။ ဒီတစ်ခါမှာ မင်မင်က ဝက်သားကို ရခိုင်ချက်စတိုင် ငရုတ်သီးနှင့် ချက်တဲ့ နည်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက …

(၁) ဝက်သား
(၂) မျှင်ငပိ
(၃) ငရုတ်သီးစိမ်း
(၄) ကြက်သွန် (အနီ/အဖြူ)
(၅) ငါးငံပြာရည် တို့ဖြစ်ပါတယ်။

ချက်နည်းအဆင့်ဆင့်…….
အရင်ဆုံး ဝက်သားကို ရေစင်အောင်ဆေးကြောပြီး အချို၊အငန် နှင့် နနွင်း ထည့်ပြီး ရောနယ်ထားပါ။ ပြီးလျှင် ကြက်သွန်(ဖြူ/နီ) နှင့် ငရုတ်သီးစိမ်းတို့ကို ထောင်းထားပါ။ အားလုံးပြီးရင်တော့ စချက်ပါမယ်။
ကိုယ့်ချက်ဒယ်အိုးထဲကို ဆီ ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်(ဖြူ/နီ) နှင့် ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပါ။

ကြက်သွန်ပျော့လာပြီး အရောင်လေးပြောင်းလာရင် နယ်ထားတဲ့ ဝက်သားကိုထည့်ပြီးနောက် အနည်းငယ်မွှေပေးပြီး ရေလေးအနည်းငယ်ထည့်ပါ။ လုံးရေခမ်းလာပြီဆိုရင် မျှင်ငါးပိ ရေဖျော် နှင့် ရေအနည်ငယ်ထည့်ပြီး ချက်ပေးပါ။ ပြီးရင် အချို/အငန် မြည်းကြည့်ပြီး ရေခမ်း၊ဆီကျန်ဖြစ်သွားလို့ နူးအိသွားပြီဆိုရင် ထမင်းစားလို့မြိန်စေမယ့် ရှူးရှူးရှဲရှဲ ဝက်သားရခိုင်ချက်လေးကို သုံးဆောင်လို့ရပါပြီ။ လုပ်နည်းလေးကလည်း လွယ်ကူရိုးရှင်းတာကြောင့် အခုပဲ ချက်စားကြည့်လိုက်ပါနော်။
သတင်း အရင်းအမြစ်៖ Source – ZinGyi





