မနက်စောစော ကောက်ညှင်းပြန်ပေါင်းပူပူလေးနှင့် ငါးကြော်လေး စားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အမြဲတမ်း ဆိုင်မှာပဲ အခုထိ သွားဝယ်စားနေတုန်းဆိုရင် မင်မင်က အိမ်မှာ အလွယ်တကူ ကောက်ညှင်းပြန်ပေါင်း လုပ်နည်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ…
(၁) ကောက်ညှင်း
(၂) အုန်းသီး
(၃) အုန်းနို့
(၄) နှမ်း ၊ သကြား နှင့် ဆား တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
(၁) ပထမဆုံး ကောက်ညှင်းကို တစ်ရက်ကြိုပြီး ရေစိမ်ထားပါ။ ပြီးလျှင် ပေါင်းမယ့် အိုးထဲမှာ သကြားအနည်းငယ်၊ ဆားအနည်းငယ် ၊ အုန်းနို့ရည် နှင့် ရေ ထည့်ပြီးမွှေပါ။ မွှေပြီးသွားရင် ကောက်ညှင်းထည့်ပြီး ချက်ပေးပါ။

(၂) အုန်းနို့နှင့် ဆန်ပျစ်လာရင် ကောက်ညှင်းကို အသာလေးမွှေပေးပါ။ ပြီးနောက် ပြန်ပေါင်းလိုက်ပါ။ နယ်ဘက်တွေမှာတော့ မြေပေါင်းအိုးတွေကို အသုံးပြုကြပါတယ်။ မြေပေါင်းအိုးမရှိရင်တော့ လျှပ်စစ်ပေါင်းအိုးထဲ ရေထည့်ပြီး ဇကာဖြင့် ပေါင်းလို့ရပါတယ်။ ပေါင်းနေစဉ်မှာ နှမ်းနှင့်ဆားကို ထောင်းထားပါ။ ကောက်ညှင်းနပ်ပြီဆိုရင်တော့ အုန်းသီးမှုန့်လေးဖြူးပြီး စားသုံးလို့ရပါပြီ။ ကိုယ့်အိမ်မှာ အလှူအတန်းလုပ်တာပဲဖြစ်ဖြစ် မိသားစုကို လုပ်ကျွေးတာပဲ ဖြစ်ဖြစ် ဒီနည်းအတိုင်းလုပ်ကြည့်ကြပါနော်…။
သတင်း အရင်းအမြစ်៖ Source – ZinGyi