ဒီထဲမှာ ဝက်လက်စွမ်ပြုတ် ကြိုက်ကြတဲ့သူတွေရှိကြလား…?။ ဝက်လက်စွပ်ပြုတ်လည်း ကြိုက်ပေမယ့် ကိုယ်တိုင်မလုပ်တတ်လို့ တစ်ခါမှချက်မစားဖူးဘူးဆိုရင် အခုပြောပြပေးမယ့် လုပ်နည်းအတိုင်းလိုက်လုပ်ကြည့်ပါ..။

လိုအပ်တဲ့ ပစ္စည်းများ
(၁) ဝက်လက်
(၂) သကြား
(၃) နာနတ်ပွင့်
(၄) ခရုဆီ
(၅) ပဲငံပြာရည်
(၆) ငရုတ်ကောင်း
(၇) ကြက်သွန်(ဖြူ/နီ) ၊ ဂျင်း နှင့် ကြက်သွန်မိတ် တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
(၁) ပထမဆုံး ဝက်လက်ကို အတုံးကြီးကြီးတုံးပြီး ရေသန့်စင်အောင် ဆေးကြောပါ။ ရေစစ်ပြီးတာနဲ့ ဆား ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည် ထည့်ပြီးနယ်ထားပါ။ ပြီးလျှင် အိုးထဲမှာ ဆီအနည်းငယ်နှင့် သကြားပျော်အောင် မွှေပေးပြီး ဝက်လက်ထည့်ပါ။

(၂) ၃ မိနစ်ခန့်မှာ ရေအနည်းငယ်၊ ကြက်သွန်ဖြူ ၊ ဂျင်း ဓားပြားရိုက်၊ ခရုဆီ၊ နာနတ်ပွင့် ၊ ပဲငံပြာရည် နှင့် ငရုတ်ကောင်းထည့်ပြီး အသားတွေနူးအိလာတဲ့အထိ ချက်ပေးပါ။ အသားနူးလာပြီဆိုရင်တော့ ကြက်သွန်မြိတ် နှင့် ငရုတ်ကောင်းထည့်ပါ။ ကဲ..ဒါဆိုရင် အနံ့အရသာနှင့်ပြည့်စုံပြီး နူးအိနေတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်လို့ရပါပြီ ။
သတင်း အရင်းအမြစ်៖ Source – ZinGyi





