ဝက်သား ထုတ်ထိုးကို အိမ်မှာ လုပ်စားကြမယ်

//s9.kh1.co/5f/5f6b67f46a950cf63a5c209acc1d457e431a87da.jpg
MPT Lifestyle

 ၂၅-အောက်-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဝက်သားထုတ်ထိုးကို အိမ်မှာ လုပ်စားကြမယ်

ဝက်သားတုတ်ထိုးကို ဆိုင်မှာဝယ်မစားဘဲ အိမ်မှာ လုပ်စားချင်တဲ့ သူတွေအတွက် ဒီတစ်ခါမှာ တုတ်ထိုးလုပ်နည်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အိမ်မှာ ကိုယ်ရဲ့ မိသားစုကို လုပ်ကျွေးတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကို လုပ်ကျွေးတာပဲ ဖြစ်ဖြစ် ဒီနည်းအတိုင်း လုပ်ကြည့်ပါ။ လုပ်ရတာလဲ လွယ်ကူရိုးရှင်းပြီး ဆိုင်ထုတ်ထိုးနည်းတူ အရသာရှိတာကြောင့် အားလုံးကြိုက်ကြမယ်ထင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/a3/a37857e6736c201e8438caa8079114e673a176c5.jpg

လိုအပ်တဲ့ ပစ္စည်းတွေက .....

(၁) ဝက်သား (သို့) အူကလီစာ ကြိုက်နှစ်သက်ရာ 

(၂) ကြက်သွန်ဖြူ

(၃) သကြား 

(၄) ဂျင်း 

(၅) ငရုတ်သီး ၊ ငရုတ်ဆီ ၊ ငရုတ်ကောင်း 

(၆) ပဲငံပြာရည်

(၇) တရုတ်မဆလာ

(၈) နံနံပင် 

https://s9.kh1.co/__image/w=650,h=366,q=100/a8/a882d59cdafc0ff7638d022a178a29126a9ccd06.jpg

လုပ်နည်းအဆင့်ဆင့် ...

(၁) အရင်ဆုံး ဝက်သား (သို့) ဝက်အူလီစာတွေကို ရေသန့်စင်အောင် ဆေးကြောပါ။ ပြီးလျှင် အားလုံးကို  ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။

(၂) ဆား၊ ငရုတ်ကောင်း၊ တရုတ်မဆလာ နှင့် ပဲငံပြာရည်အနောက် တို့နှင့် ၁ နာရီလောက်ဖြစ်ဖြစ် နှပ်ထားပါ။ 

(၃) စချက်တော့မယ်ဆိုရင် ဒယ်အိုးထဲ ဆီထည့်ပြီး ပူလာတဲ့အခါ သကြားထည့်ပါ။ သကြားပျော်ပြီး ရဲလာရင်တော့ ဝက်သားအားလုံးထည့်ပြီး ကြော်ပါ။ ရေခမ်းပြီးဝက်သား နီလာရင်တော့  ရေအနည်းငယ်ထည့်ပြီး မိနစ် ၃၀ ခန့် ပြုတ်ပေးပါ ။ ဝက်သားတွေ နူးအိလာပြီဆိုရင် ဆယ်ယူထားပါ။ 

https://s9.kh1.co/__image/w=650,h=434,q=100/a8/a856cf10e212e36d39525f54b8fe75bd3c5ec02c.jpg

အချဉ်ရည်အတွက်ကတော့ ငရုတ်ဆီ (သို့) မန်ကျည်းသီအမှဲ့ကို အနှစ်ထုတ်ပြီး နံနံပင်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ သကြား နှင့် ဆားအနည်းငယ်ထည့်ပြီး မိမိစိတ်ကြိုက်ဖျော်စပ်ပါ။ အချဉ်ရည်လည်း စပ်ပြီးပြီဆိုရင် စောစောက ဆယ်ယူထားတဲ့ ဝက်သားကို ကြိုက်သလိုလှီးပြီး အရသာရှိတဲ့ ထုတ်ထိုးကို ရလို့ရပါပြီ။ ကဲ... လုပ်နည်းလေးကလည်း တကယ့်ကို လွယ်ကူရိုးရှင်းလို့ အိမ်မှာ လိုက်လုပ်စားကြည့်ဖို့ တိုက်တွ့န်လိုက်ပါတယ်နော်..။ 

သတင်း အရင်းအမြစ် Source - ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T