ရန်ကုန်စတိုင် ပြောင်းဖူးလက်ဖက်သုပ်

//s9.kh1.co/37/37021dd51dad8f91e27ba1be75da3be4ddd473a6.jpg
MPT Lifestyle

 ၂၄-အောက်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်စတိုင် ပြောင်းဖူးလက်ဖက်သုပ်

ရန်ကုန်ဘယ်နေရာပဲရောက်ရောက် လမ်းဘေးမှာ လှည်းနှင့်တွန်းရောင်းနေကြတဲ့ ပြောင်းဖူးလက်ဖက်ချဉ်စပ်သုပ်ကို စားဖူးကြတယ်မလား။ ထမင်းနှင့် စားသုံးတာပဲဖြစ်ဖြစ် ဒီအတိုင်း ရမကာဖျော်ရည်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် လိုက်ဖက်လွန်းလှတဲ့ စားပွဲတစ်ခုပါ။ ဟုတ်ပါပြီ…ဒီတစ်ခါမှာလည်း မင်မင်က အရသာရှိတဲ့ ရန်ကုန်စတိုင် ပြောင်းဖူးလက်ဖက်သုပ် နည်းလေးကို ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=554,h=419,q=100/46/46b7ceb5303bab4f9931fd06a3edb0b9e018afaf.jpg

ပါဝင်ပစ္စည်းများကတော့…

(၁) လက်ဖက်ချဉ်စပ်

(၂) ပြောင်းဖူးပြုတ်

(၃) မြေပဲပြုတ်

(၄) ငါးနီတူ

(၅) ခရမ်းချဉ်သီး နှင့် ငရုတ်သီးစိမ်း (အနည်းငယ်)

(၆) ကြက်သွန်ဖြူ (အနည်းငယ်)

(၇) သံပရာသီး

https://s9.kh1.co/__image/w=650,h=488,q=100/30/30f197eec0539ed77c0ff8f25eb4443af4bf41ae.jpg

ပြုလုပ်ပံအဆင့်ဆင့်……

အရင်ဆုံး ထည့်သုပ်မည့် ခွက်(သို့) ဇလုံးထဲကို လက်ဖက် ၊ ငါးနီတူ ၊ ပြောင်းဖူးပြုတ် နှင့် မြေပဲပြုတ်ထည့်ပါ။ ပြီးရင် ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း (အနည်းငယ်) နှင့် ကြက်သွန်ဖြူ (အနည်းငယ်) တို့ကို အနေတော်လေး ခပ်ပါးပါးလေးတွေ လှီးပြီး ထည့်ပါ။

https://s9.kh1.co/__image/w=650,h=432,q=100/ab/ab6b8bdefaf91f7fcfd831624472fc9c51732a81.jpg

အစာပလာတွေ အားလုံးထည့်ပြီးရင်တော့ သံပရာရည်၊ ဆီ၊အချို၊အငန် ကိုယ်နှစ်သက်သလို ထည့်ပြီး သမအောင်နယ်ပေးပါ။ နယ်လို့ပြီးပြီဆိုရင်တော့ ရန်ကုန်စတိုင် အရသာရှိတဲ့ ပြောင်းဖူးလက်ဖက်ချဉ်စပ်သုပ်ကို စားလို့ရပါပြီ။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T