ဒီတစ်ခါမှာ အစပ်အဟပ်တည့်ပြီး ထမင်းမြိန်စေတဲ့အပြင် ကျန်းမာရေးနဲ့ပါ ညီညွတ်တဲ့ သီးစုံပဲကုလားဟင်းချက်နည်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ ချက်နည်းကို အရင်မပြောခင်မှာ ထုံးစံအတိုင်း ပါဝင်ပစ္စည်းတွေကို အရင်ဆုံးပြောပြပေးပါမယ်။

- ကြက်သွန်ဖြူ / နီ
- ငရုတ်သီး အစိမ်းမှုန့်
- ချင်း၊ ပျင်းတော်သိမ်း၊ မဆလာ၊ ဇီယာ
- အာလူး ၊ ဘူးသီး ၊ ပဲသီးတောင့်ရှည် ၊ ဒန့်ဒလွန်သီး
- ရွှေဖရုံသီး ၊ ခရမ်းသီး ၊ ရုံးပတီသီး
-- မန်ကျည်းသီးအမှဲ့ နှင့် ကုလားပဲ တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဆုံးအနေနဲ့ ကုလားပဲကို နူးနေသွားတဲ့ အထိ ပြုတ်ပါ။ ပြီးရင် ပြုတ်ပြီးသား ပဲတွေကို ကြေညက်သွားအောင် ဆယ်ယူပြီး ထောင်းပေးရပါမယ်။ ပြီးရင် ကြက်သွန်ဖြူ/နီ နှင့် ငရုတ်သီးအစိမ်းမှုန့် တို့ကို ဆီသပ်ပြီး ညိုသွားတဲ့အခါ ဂျင်းထောင်း၊ ပျဉ်းတော်သိမ်း ၊မဆလာ ၊ ဇီယာ ထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ဆီသတ်ပြီးနောက်မှာတော့ အနေတော်လှီးထားတဲ့ အာလူး၊ ဘူးသီး၊ ပဲသီး၊ ဒန့်ဒလွန်သီး နှင့် ရွှေဖရုံသီး တို့ကို ရေစင်အောင် ဆေးပြီး ဆီသပ်ထားတဲ့ အိုးထဲကို ထည့်ပါ။ ပြီးရင် ပဲအနှစ်များ နှင့် ရေလိုလျှင် ရေနွေး ထည့်ပေးပြီး မွှေပါ။

၁၀ မိနစ်ခန့်ထားပြီး ပွက်ပွက်ဆူလာရင် ရုံးပတီသီး၊ ငရုတ်သီးစိမ်း (တစ်ခြမ်းခွဲ) ထည့်ပြီး မကျည်းရည် အနည်းငယ်နှင့် လိုအပ်တဲ့ ဟင်းခပ်အမွှေးအကြိုင် အချို၊အငန် အားလုံး ထည့်ပါ။ ၅ မိနစ်လောက်ကြာလာတဲ့အခါ အနံ့မွှေးမွှေးလေးနဲ့ အရသာ ပြည့်စုံလှတဲ့ သီးစုံပဲကုလားဟင်း စားသုံးလို့ရပါပြီ။ သီးစုံပဲကုလားဟင်းဟာ အရသာလည်းရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန် သင့်တော်တာမို့ မိမိအိမ်မှာ မကြာခဏ ချက်စားကြည့်ပါလို့ အကြံပြုပါရစေ။
သတင်း အရင်းအမြစ်៖ Source – ZinGyi