ဖောက်ပြန်သွားတဲ့ ချစ်သူကိုဘယ်လို Move On ရမလဲ?

//s9.kh1.co/cc/cc88a355f7765ee4814dbd6196ce162531b94395.jpg
MPT Lifestyle

 ၂၃-အောက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဖောက်ပြန်သွားတဲ့ ချစ်သူကိုဘယ်လိုပညာပြန်ပြကြမလဲ?

တစ်ကယ်လို့ သင့်ချစ်သူကောင်လေးဟာ ဖောက်ပြန်ပြီးတော့ သူဖောက်ပြန်ရတဲ့အကြောင်းရင်းကသင်ဖြစ်တယ်ဆိုပြီး အပြစ်လွှဲချတာတွေ အမှားကိုဝန်မခံတာတွေလုပ်နေတယ်ဆိုရင် ဒီနည်းလမ်းတွေနှင့်သူ့ကိုပညာပြနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/c3/c3db1b900a9fda2f5c7cc30627eef87324957818.jpg

(၁) တစ်ခြားလူတွေနှင့်ပျော်ပျော်ရွှင်ရွှင်နေပြတာ

သူ့အနေနှင့် သင်ငိုပြီးကြေကွဲပြနေရင်တောင် ဂရုစိုက်မှာမဟုတ်တာကြောင့် သူမရှိလဲအဆင်ပြေတယ်ဆိုတဲ့ပုံရိပ်ကိုပြပေးဖို့လိုပါတယ်။ သူငယ်ချင်းအသစ်တွေရှာတာ ဒါမှမဟုတ် ရင်းနှီးတဲ့သူတွေနှင့်အချိန်ပိုဖြုန်းပေးပြီး သူ့ရဲ့ဖောက်ပြန်မှုကြောင့် ပြိုလဲမနေကြောင်းပြပေးပါ။

https://s9.kh1.co/__image/w=650,h=434,q=100/ac/acfd1530c3894af6a86a6dfb464a84b7ec16f029.webp

(၂) သူ့ကိုလုံးဝဥပေက္ခာပြုထားတာ

သွားပြီးဖြေရှင်းချက်တွေတောင်းတာ သင့်ဆီပြန်လာဖို့ငိုယိုပြီးပြောတာမျိုးကအကျိုးမရှိပါဘူး။ အဲ့လိုသာလုပ်မိရင်တစ်ဖက်လူဟာ သူ့လုပ်ရပ်ကိုမှန်ကန်တယ်လို့ထင်သွားပြီးတော့ သင့်ကိုပိုပြီးစိတ်ဒုက္ခပေးပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4e/4e0f03b238068551e5b266bb937ac32649811af4.jpg

(၃) ပတ်ဝန်းကျင်ကသူတွေကို သူဖောက်ပြန်ကြောင်းပြောပြထားပါ

ပတ်ဝန်းကျင်က ရင်းနှီးတဲ့သူတွေကို သူဖောက်ပြန်ခဲ့တာကြောင့် လမ်းခွဲပြီးပြီဖြစ်ကြောင်းရှင်းလင်းအောင်ပြောထားပါ။ တစ်ချို့သူတွေဟာ သူတို့ကိုယ်တိုင်ဖောက်ပြန်ပေမဲ့ သင့်ကြောင့်လမ်းခွဲရတာဖြစ်တယ်လို့အတင်းတွေလိုက်ပြောနေနိုင်တာကြောင့်ပါ။ ဆက်ဆံရေးကိုသစ္စာမရှိခဲ့တာက သူသာဖြစ်ကြောင်းလူတွေသိအောင်လုပ်ပါ။

https://s9.kh1.co/__image/w=620,h=350,q=100/ea/eaa0664c46d634f2134ae11824c063c7ba9413e9.jpg

(၅) သူနှင့်ပတ်သက်တာတွေအကုန်လုံးကို ဖျက်ပစ်လိုက်ပါ

နောင်တရပြီးပြန်လာရင်လက်ခံမယ် တောင်းပန်လိုက်ရင်ပြန်လက်ခံပေးမယ်ဆိုတဲ့စိတ်ထားမထားပါနဲ့။ ဖောက်ပြန်သူအများစုဟာ အကြိမ်ကြိမ်ဖောက်ပြန်ဖို့ဝန်မလေးကြတာကြောင့် သူတို့ကိုလွယ်လွယ်နဲ့ခွင့်မလွှတ်သင့်ပါဘူး။ ဆိုရှယ်မီဒီယာအကောင့်အပါအဝင် ဆက်သွယ်လို့ရတဲ့အရာတွေအကုန်လုံးကိုဖြတ်တောက်ပြီး ဘဝထဲကနေအပြီးအပိုင်ဖယ်ထုတ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=375,q=100/af/af4fc08bd21163a8d9bd16876bb21d1fd3509fc5.jpg

(၆) ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပါ

ဖောက်ပြန်ခံရသူအများစုဟာ မယုံကြည်နိုင်တာ ယူကျုံးမရတဲ့ခံစားချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့်သင့်အနေနှင့် ဖောက်ပြန်သွားတဲ့တစ်ဖက်လူကိုဖက်တွယ်မထားဘဲ ကိုယ့်ကိုယ်ကိုယ်ပိုပြီးအချိန်ပေးဂရုစိုက်ဖို့လိုပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/c8/c8bef356b35bf8c0c9b8e1706eaa87601b66eeb5.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T