ကိုယ်တွေ မြန်မာလူမျိုးတွေက ဟင်းမပါရင်တောင် ငါးငပိချက်လေး ကောင်းကောင်းတစ်ခွက်ရှိရင်တောင် ပြီးပြည့်စုံပါတယ်။ အတို့အမြုတ်လေး စုံစုံလင်လင်၊ ရေနွေးကြမ်းနဲ့ သောက်စားလိုက်ရင် ထမင်းပိုပြီးလို့တောင် စားကောင်းပေခြင်း။ ဒီတစ်ခါမှာ အရသာရှိပြီး ထမင်းမြိန်စေမယ့် ငါးငပိချက် ကောင်းကောင်းတစ်ခွက်ရအောင် ဘယ်လိုချက်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ချက်နည်းကို မပြောခင်မှာ အရင်ဆုံး ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်..
(၁) ငါးကြင်း
(၂) ငါးငပိ
(၃) ကြက်သွန်ဖြူ / နီ / ငရုတ်သီးစိမ်း
(၄) ဆား / ဆနွင်းမှုန့်

ပြုလုပ်နည်း………….
အရင်ဆုံး ငါးကြင်းကို ရေစင်အောင် ဆေးကြောပြီး ဆား / ဆနွင်းမှုန့် ထည့်ပီးပြုတ်ထားပါ။ အဆိုပါ ပြုတ်ထားတဲ့ ငါး ကျက်သွားပီဆိုရင်တော့ ဆယ်ပြီး အသားနွှင်ထားပါ။
ငါးကိုင်လို့ ပြီးရင် ငါးငပိကိုလည်း နနွင်းမှုန့် နှင့် ခပ်ပျစ်ပျစ်လေးကျိုထားပေးပြီး ကျက်တဲ့အခါမှာ ငပိရည်ကိုအရိုးမပါအောင်စစ်ထားရပါမယ်။ ပြီးရင် ကြက်သွန်ဖြူ / နီ / ငရုတ်သီးစိမ်း တို့ကို မီးကင် (သို့) လှော်ပြီး ထောင်းထားပါ။

ဒါတွေအားလုံး လုပ်ပြီးပြီဆိုရင်တော့ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အသားနွှင်ထားသောငါး ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ / နီ / ငရုတ်သီးစိမ်း တို့ကိုထည့်ပီး ဆီသတ်ပါ။ ဆီသတ်ပြီးရင်တော့ ငပိရည်ကြိုထည့်ပြီး ပွတ်ပွတ်ဆူလာတဲ့အထိ ချက်ပေးပါ။ ဆီအနည်းငယ်ပြန်လာပီဆိုရင် အိုးချလို့ရပါပြီ။ ကဲ…ဒါဆိုရင် အရမ်းကို အရသာရှိစေမယ့် ငါးငပိချက်ကို ကောင်းကောင်းတစ်ခွက်ကို စားလုံ့ရပါပြီ။
သတင်း အရင်းအမြစ်៖ Source- Zin Gyi