အရသာရှိပြီး လွယ်ကူနည်းဖြင့် သုပ်စားမယ့် မြင်းခွာရွက်သုပ်

//s9.kh1.co/c9/c9aeb5ac82785634ab5352162d96e786831919ba.jpg
MPT Lifestyle

 ၂၁-အောက်-၂၀၂၃ ၅pm · လွန်ခဲ့သော ၂ နှစ် က

အရသာရှိပြီး လွယ်ကူနည်းဖြင့် သုပ်စားမယ့် မြင်းခွာရွက်သုပ်

ဒီထဲမှာ မြင်းခွာရွက်သုပ်ကို ကြိုက်ကြတဲ့သူတွေပါလား…? ။ ဒီတစ်ခါမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြင်းခွာရွက်ကို အလွယ်ကူဆုံး နည်းဖြင့် အရသာရှိအောင် ဘယ်လို သုပ်ရလဲဆိုတာကို ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=299,h=168,q=100/ce/ce47ab415b08f08498a685e4bf221d329b0afc69.jpg

ထုံစံအတိုင်း ပါဝင်တဲ့ ပစ္စည်းတွေကတော့

https://s9.kh1.co/__image/w=650,h=465,q=100/73/73a26d6644e1044d153137582a3feaae1219a62e.jpg

၁။ မြင်းခွာရွက်  

၂။ ခရမ်းချဉ်သီး

၃။ ကြက်သွန်နီ

၄။ ပုဇွန်ခြောက်မှုန့်

၅။ မြေပဲ

၆။ သံပရာသီး

ရ။ ပဲအကျက်မှုန့် တို့ဖြစ်ပါတယ်။

အသုတ်သုတ်နည်း

အရင်ဆုံး မြင်းခွာရွက်တွေကို ရေစင်အောင် ဆေးပြီ နှုတ်နှုတ်စဉ်းထားပါ။ ပြီးရင် ကြက်သွန်နီ နှင့် ခရမ်းချဉ်သီး တို့ကို ခပ်ပါးပါးလေးလှီးပြီး မြေပဲကို မညက်တညက်လေး ထောင်းထားပေးပါ။

https://s9.kh1.co/__image/w=650,h=488,q=100/d5/d5b02d80d6040362fb3e22f9cc3598a30c3dc5a6.jpg

ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင် ထည့်သုပ်မည့် ဇလုံတစ်ခုထဲကို မြင်းခွာရွက် ၊ ကြက်သွန် ၊ ခရမ်းချဉ်သီး ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့် ၊ သံပရာအရည် အပြင် ဆီ၊အချို၊အငန် အားလုံးထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=488,q=100/c0/c0759a633780421cae1cfcbd6fb32933f283e2a5.jpg

အစပ်ကြိုက်သူတွေအနေနဲ့ကတော့ ငရုတ်သီးစိမ်းကို ခပ်ပါးပါးလေးတွေ လှီးညှပ်ထည့်ပြီး စားလို့ရပါတယ်။ ကဲ..ဒါဆိုရင် တကယ့်ကို ရိုးရှင်းပြီး အရသာရှိတဲ့ မြင်းခွာရွက်သုပ်ကို စားသုံးလို့ရပါပြီ။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T