မြန်မာ့ရိုးရာပွဲတော်တွေထဲက ထင်ရှားတဲ့ တာတက်ပွဲတော်

//s9.kh1.co/f5/f507576ff7dfe05d9f192e17b8afbf95e57bd166.jpg
MPT Lifestyle

 ၂၀-အောက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

မြန်မာ့ရိုးရာပွဲတော်တွေထဲက ထင်ရှားတဲ့ တာတက်ပွဲတော်

မြန်မာနိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တာတက်ပွဲတော်ဟာ ဓနု၊ တောင်ရိုးတိုင်းရင်းတို့ရဲ့ ထင်ရှားတဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။ အဆိုပါ ပွဲတော်ဟာ သင်္ကြန်အတက်နေ့မှစတင်ပြီး ကဆုန်လပြည့်ကျော် ၅ ရက်နေ့အထိ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်းပကြတာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ နေထိုင်ကြတဲ့ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားများက မိမိတို့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်ပြီး စုပေါင်းလှူဒါန်းမှုပြုလုပ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/63/63d8b70998ec98627daa394305315dcf47a0ae84.jpg

ပွဲတော်ကျင်းပပုံမှာ မိမိတို့ရွာအတွက် ပွဲတော်ကျင်းပမည့်ရက်မှာ ရွာသူရွာသားများဟာ သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်များဆက်ကပ် လှူဒါန်းကြပါတယ်။ အဲ့သလို လှူဒါန်းကြတဲ့ပွဲမှာ ကထိန်ပွဲလိုမျိုး သံဃာတော်များအတွက် အလှူဝတ္ထုများကို ပဒေသာပင်များ သီးပေးကြသလို မိမိခြံထွက် သီးနှံများကို ပဒေသာပင်အဖြစ် ချိတ်လှူဒါန်ကြတာတွေလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/e4/e4ccd482fbea967424d2d09022cb2e07549a5ffe.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e7/e79548d1e7f7632c76feeb27f587f6aea606044c.jpg

တာတက်ပွဲတော်မှာ လူကြီးသူမများက ဘာသာရေးပြုလုပ်ကြပြီး  လူငယ်လူရွယ်တွေက အိုးစည်ဝိုင်းတို့ဖြင့် ဆိုတီးကြသလို လူပျိုများတလှည့် အပျိုများတလှည့် သံချပ်များ အပြိုင်ဆိုင် ထိုးကာ ကခုန်ပျော်ပါးကြပြီး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြပါတယ်။

သတင်း အရင်းအမြစ် Source - wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T