ခေတ်တွေ ဘယ်လောက် ပြောင်းလဲသွားပါစေ “ဈေးသုံးလည်း မကြွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားတွေကို ယနေ့အချိန်အသက်ဝင်နေဆဲပါ။ အခုပြောပြပေးမှာက ရှေးလူကြီးတွေရဲ့ ဓလေ့ထုံးထမ်းတွေအရ ကံကောင်းခြင်းတွေကို ပိတ်စေတဲ့ အိမ်မှာ မလုပ်သင့်တဲ့ အရာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အိမ် ရှေ့မှာ ဌက်ပျောပင်မစိုက်ကောင်း….
၂။ သစ်ပင်နှစ်ပင်ကြားမှာ အဝတ်လှန်းရန် ဝါးမညှပ်ကောင်း…..
၃။ အိမ်မှာ ဇယ်မခုတ်ကောင်း….
၄။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲမညှပ်ကောင်း..
၅။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း…

၆။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း….
၇။ စလောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း…..
၈။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူ မီးမမှုတ်ကောင်း….
၉။ ဖိနပ်ချွတ်သောနေရာမှာ ထီးမထားကောင်း….
၁၀။ ဖျာကိုလိပ်ပြီး အမြှင့်မှာ မတင်ကောင်း….
၁၁။ နာရီကို ခြေရင်းဘက်မှာ မချိတ်ကောင်း….
၁၂။ ဖျာကိုလိပ်ပြီး အမြှင့်မှာ မတင်ကောင်း….တို့ဖြစ်ပါတယ်။

တကယ်လို့ သင့်အိမ်ဟာ ကံဆိုးခြင်းတွေနဲ့ ကြုံတွေ့နေရတယ်လို့ ထင်မိရင် ဒီအချက်တွေ လုပ်မိထားလားဆိုတာ ပြန်စစ်သင့်ပါတယ်။





