လည်ပိတ်ဆွယ်တာလိုမျိုး ဆွယ်တာအကြပ်တွေနှင့် ဂျင်းစကပ်အရှည်တွေနှင့်တွဲဝတ်ပြီး ဆောင်းဦးဖက်ရှင်တစ်ခုအနေနှင့်ဖန်တီးနိုင်ပါတယ်။ ဆွယ်တာကအပွဝတ်ရတဲ့ဆွယ်တာတွေဆိုရင်လည်း တစ်မျိုးအမြင်ဆန်းပြီးလှနေမှာပါ။


ရိုးရိုးတီရှပ်တစ်ထည်နှင့် စကပ်ကိုတွဲဖက်ထားတာကလည်း အထူးတလည်ကြိုးစားစရာမလိုဘဲဖက်ရှင်ကျနိုင်တဲ့စတိုင်ဖြစ်ပါတယ်။ အပေါ်ကနေကုတ်နှင့် ဂျက်ကတ်တွေထပ်ဝတ်လိုက်ရင်လည်း ကြည့်ကောင်းတဲ့ပုံစံတစ်မျိုးကိုရစေပါတယ်။


Top အတိုလေးတွေနှင့် ဂျင်းစကပ်ရှည်ကိုတွဲဝတ်ပြီးအပေါ်ကနေ ကုတ်အရှည်တွေထပ်ဝတ်ထားတာကလည်း ဆောင်းရာသီအတွက်ရေပန်းအစားဆုံးဖက်ရှင်တစ်ခုပါပဲ။နွေးထွေးမှုရှိသလို လုံခြုံမှုပါပေးနိုင်တဲ့ဖက်ရှင်ပါ။


အပေါ်ဖက်ကို အင်္ကျီနှစ်ထည်ထပ်ဝတ်ထားပြီး စကပ်နှင့်တွဲဖက်တာကလည်းထူးခြားတဲ့ဖက်ရှင်တစ်ခုပါပဲ။ တီရှပ်နှင့် ရှပ်ကိုအဆင်ပြေသလို ကိုယ့်စိတ်ကူးနှင့်ထွင်ပြီးဝတ်ဆင်နိုင်ပါတယ်။


Photos from Pinterest





