သဘာဝအတိုင်းလေးလှနေတယ်လို့ ထင်ရအောင်ပြင်ဆင်နည်းများ

//s9.kh1.co/32/327c724f8869a0ca618879fd9d7eef47db7fed01.jpg
MPT Lifestyle

 ၁၈-အောက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

သဘာဝအတိုင်းလေးလှနေတယ်လို့ ထင်ရအောင်ပြင်ဆင်နည်းများ

မိန်းကလေးတွေဟာ ကိုယ်ပိုင်အလှကိုယ်စီရှိတာကြောင့် ကိုယ့်မှာရှိနေတဲ့ သဘာဝအလှကိုထင်မြင်လာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အထူးတလည် မိတ်ကပ်တွေနှင့်ပြင်ဆင်တာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းလေးလှနေတယ်လို့ခံစားရစေဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။

https://s9.kh1.co/__image/w=650,h=366,q=100/89/8938e1d10aed4a5ff3ab0bf006d78ad322eb7041.jpg
https://s9.kh1.co/__image/w=650,h=341,q=100/25/252f8e0aefd43cc48cff834f5b53030b8c376b9d.webp

အသားအရေဟာအဓိကဖြစ်တာကြောင့် အသားအရေကိုစိုစွတ်ပြီး သန့်ရှင်းနေဖို့အမြဲဂရုစိုက်ပေးပါ။ အိပ်ရာမဝင်ခင်မှာ တစ်နေ့တာလုံးလိမ်းခြယ်ခဲ့တဲ့ မိတ်ကပ်တွေကိုဆေးကြောဖို့သတိရပါ။ ဒီလိုဂရုစိုက်ပေးတာနှင့်အတူ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း သဘာဝဆန်တဲ့မိတ်ကပ်ပဲလိမ်းပါ။ အလွန်အကျွံပြင်ဆင်ခြင်းက နဂိုရှိပြီးသားအလှကိုပါပျက်စီးစေတာကြောင့် တော်သင့်ရုံမိတ်ကပ်နှင့်ပဲအလှပြင်ပါ။

https://s9.kh1.co/__image/w=650,h=478,q=100/1e/1ef00c4178a6aa8304277650cf35c883b82c7d79.webp
https://s9.kh1.co/__image/w=626,h=475,q=100/5a/5a9761125054ea6e91d94662414c8fa0c66a1f83.avif

တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း အလှတရားမှာအရေးကြီးတဲ့အခန်းကနေပါဝင်ပါတယ်။ လက်သည်းတွေကိုသပ်သပ်ရပ်ရပ်ထားခြင်းနှင့် သပ်ရပ်တဲ့ဆံပင်ပုံစံက ရှိနေရင်းအလှကိုပိုပြီးတိုးစေပါတယ်။ 

https://s9.kh1.co/__image/w=427,h=640,q=100/3b/3ba67dbefa64ed3a9179183bb89147cb3ace3fff.jpg
https://s9.kh1.co/__image/w=640,h=543,q=100/b2/b22a82730c4cecf36885aed4012c50c0f3820241.jpg

အဝတ်အစားကလည်း လူတစ်ယောက်အတွက်အရေးကြီးတာကြောင့် ကိုယ်နှင့်လိုက်ဖက်တဲ့အဝတ်တွေကိုပဲဝတ်ဆင်ပါ။ အဝတ်အစားရဲ့ဈေးနှုန်းကအရေးမကြီးဘဲ လိုက်ဖက်မှုနှင့် အဆင်ပြေဖို့ကိုဦးစားပေးပြီးရွေးချယ်ဝတ်ဆင်ပါ။ ကိုယ့်ရဲ့ ခန္တာကိုယ်အနေအထားနှင့် ပြောဆိုဆက်ဆံပုံ လှုပ်ရှားမှုတွေကိုလည်း ယုံကြည်ချက်ရှိတဲ့ပုံစံပြောင်းလဲပါ။ ခါးမတ်မတ်ထားတာ လမ်းလျှောက်ရင် ခိုင်ခိုင်မတ်မတ်လျှောက်တာမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=704,q=100/6c/6c442604bfa9fe51848de65e09ba27ea2fa2e2f7.jpg
https://s9.kh1.co/__image/w=564,h=972,q=100/60/6028963c3869a41397b5d85a947fbbc3d8f3ad2e.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T