မျက်နှာပုံစံနှင့်လိုက်တဲ့ မျက်မှန်ကိုဘယ်လိုရွေးကြမလဲ?

//s9.kh1.co/67/678c9a6b0aab32666a0dec8f57a08b14de71de0c.jpg
MPT Lifestyle

 ၁၈-အောက်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

မျက်နှာပုံစံနှင့်လိုက်တဲ့ မျက်မှန်ကိုဘယ်လိုရွေးကြမလဲ?

လူတွေရဲ့မျက်နှာဟာ ပုံစံအမျိုးမျိုးရှိတာကြောင့် ဆံပင်စတိုင် နှင့်မျက်မှန်တွေကိုရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာနှင့်လိုက်ဖက်မှုရှိမရှိအပေါ်မူတည်ပြီးရွေးချယ်ရပါတယ်။ ကိုယ်နှင့်လိုက်ဖက်တဲ့မျက်မှန်ကိုရွေးချယ်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=564,h=564,q=100/6b/6b50477eac3c53ba13b4abf73918ec8cf20f46df.jpg

အရင်ဆုံးကိုယ့်မျက်နှာပုံစံကိုသေချာသိရအောင်လုပ်ပြီးရင် မျက်နှာပုံစံအလိုက်လိုက်ဖက်တဲ့မျက်မှန်ကိုင်းကို ရှာနိုင်ပါပြီ။

https://s9.kh1.co/__image/w=564,h=966,q=100/7c/7ceefc6578231343afa1c01c4d7f9f37710cb853.jpg

ဘဲဥပုံမျက်နှာရှိတဲ့သူတွေဟာ အောက်ကိုပင့်ထားတဲ့ မျက်မှန်ကိုင်း ဒါမှမဟုတ် အပေါ်ဖက်ကိုပင့်ထားတဲ့ကိုင်းတွေနှင့်လိုက်ဖက်ပါတယ်။ အရွယ်အစားတူညီတဲ့မျက်မှန်ဝိုင်းကြီးတွေနှင့်မလိုက်ဖက်ပါဘူး။

https://s9.kh1.co/__image/w=650,h=1087,q=100/4d/4d09ce23dff262e602b08ad34974fe3ca2be2631.jpg

စတုဂံပုံမျက်နှာရှိတဲ့သူတွေကတော့ မှန်သေးသေးလေးနှင့်လေးထောင့်မျက်မှန်တွေနှင့်လုံးဝမလိုက်ဖက်သလို ကိုင်းဖျားလေးမှာချွန်သွားတဲ့ပုံစံရှိတဲ့ မျက်မှန်တွေနှင့်တော်တော်လေးလိုက်ဖက်ကြပါတယ်။

https://s9.kh1.co/__image/w=564,h=1036,q=100/87/87b9ef4baf325047751f083a75e917b7c0ebfc92.jpg

အသည်းနှလုံးပုံမျက်နှာအချိုးအစားရှိတဲ့သူတွေကတော့ အဝိုင်းပုံမျက်မှန်တော်တော်များများနှင့်လိုက်ဖက်ပေမဲ့ မျက်မှန်အကြီးကြီးတွေ လေးထောင့်မှန်တွေနှင့်သိပ်မလိုက်ဖက်ကြပါဘူး။

https://s9.kh1.co/__image/w=650,h=1087,q=100/a0/a0b8c31caf8663af53634302eae59e9f2a26540d.jpg

မျက်နှာဝိုင်းတဲ့သူတွေကတော့ လေးထောင့်မျက်မှန်နှင့်တော်တော်လေးလိုက်ဖက်ကြပြီးတော့ ကိုင်းအသေးလေးတွေ မှန်ဝိုင်းတွေနှင့်သိပ်ပြီးမလိုက်ဖက်ကြပါဘူး။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T