ငါးသံပရာပေါင်းကို စားချင်တယ်…ဒါပေမယ့် ဆိုင်မှာ ဈေးကြီးပေးပြီး မဝယ်စားချင်သူတွေအတွက် ဒီတစ်ခါ အိမ်မှာပဲ ငါးသံပရာပေါင်း အလွယ်ဆုံးလုပ်နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

အရသာရှိတဲ့ ငါးသံပရာပေါင်း လုပ်နည်းကို မပြောခင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက
(၁) ငါး (မိမိကြိုက်နှစ်သက်တဲ့ ငါး)
(၂) သံပရာသီး
(၃) ငါးငံပြာရည်
(၄) နံနံပင်
(၅) ငရုတ်သီးစိမ်း
(၆) သကြား
(၇) ကြက်သွန်ဖြူ နှင့် အသားမှုန့်တို့ ဖြစ်ပါတယ်။

လုပ်နည်းအဆင့်ဆင့်
အရင်ဆုံး ငါးကို သေချာကိုင်ပြီး ရေသန့်စင်အောင်ဆေးကြောထားပါ။ ပြီးတဲ့အခါ ငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားပြီး အရသာစိပ့်ဝင်သွားအောင် မိနစ်အနည်းငယ်နှပ်ထားပေးရပါမယ်။

အပေါ်ကဟာတွေ ပြုလုပ်ပြီးရင်တော့ ငါးနှင့်တွဲဖက်အသုံးပြုမယ့် ဆော့ကို ( ကြက်သွန်ဖြူ၊ သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေအနည်းငယ် အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ဖျော်ထားပါ။ ပြီးရင် ငါးပေါ်မှာ ဖျော်ထားတဲ့ ဆော့နှင့် နံနံပင်အနည်းငယ်ထည့်ပြီး ပေါင်းအိုးဖြင့် မိနစ် ၃၀ လောက် ပေါင်းပေးရပါမယ်။

ငါးက နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ ငါးသံပရာပေါင်းကို စားလို့ရပါပြီ။ ကဲ..လုပ်နည်းလေးကလည်း တကယ့်ကို လွယ်ကူတာမို့ မိမိအိမ်မှာပဲ လုပ်စားကြည့်ကြပါနော်…။
သတင်း အရင်းအမြစ်៖ Source – ZinGyi





