ပဝါလေးတွေသုံးပြီး ထူးခြားတဲ့ဆံပင်ပုံစံလေးတွေဖန်တီးနည်း

//s9.kh1.co/b9/b990d6f206c873679d798dee58ef006d5b169a83.jpg
MPT Lifestyle

 ၁၅-အောက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဆံပင်ကို ပဝါလေးတွေနှင့်အလှဆင်ကြမယ်

ဆံပင်ကို ရိုးရိုးအတိုင်းချထားတာ စည်းထားထက် ပဝါလေးတွေကိုသုံးပြီး အချိန်ခဏလေးအတွင်းမှာ ထူးခြားတဲ့ပုံစံလေးတွေရသွားအောင်ဖန်တီးနိုင်ပါတယ်။

(၁) လည်စည်းပဝါအရောင်စုံလေးတွေနဲ့ ဆံပင်ကိုတစ်ဝက်ချစည်းထားတာလိုမျိုးလုပ်လို့ရပါတယ်။ ကိုယ့်ဆံပင်အရောင်နှင့်လိုက်ဖက်တဲ့ ပဝါလေးတွေက ဆံပင်ကိုပိုပြီးလှနေအောင်ကူညီနိုင်ပါတယ်။ ဆံပင်ကိုကြပ်ကြပ်စည်းတာမျိုးမဟုတ်ဘဲ ဖွဖွလေးနှင့် ပဝါကျနေပုံလေးပါလှအောင်စည်းရမှာပါ။

https://s9.kh1.co/__image/w=563,h=721,q=100/8f/8f84c2f20addf7795b245b6bfd8a03dbcce59f5f.jpg
https://s9.kh1.co/__image/w=564,h=846,q=100/96/961d968361da4f712d3578e7f8bf9a7ee298f295.jpg

(၂) လည်စည်းပဝါကို ဆံပင်အောက်ကနေပြီးထုံးဖွဲ့ထားတာ ဒါမှမဟုတ် ထုံးထားတဲ့ဆံပင်ကို ပုဝါလေးနှင့်ပတ်ပြီး ရှေ့ဖက်မှာပုံဖော်ထားတာလေးကလည်း မြန်ဆန်ပြီးလှပတဲ့နည်းလမ်းတစ်ခုပါပဲ။

https://s9.kh1.co/__image/w=564,h=679,q=100/7b/7b0df6f3e1cc4b6ee6ebaea455f6683ebc1c778f.jpg
https://s9.kh1.co/__image/w=564,h=1003,q=100/05/05102bcb607a8f3b7bc8c049732196fa6fceaa55.jpg

(၃) ပဝါနှင့်အတူဆံပင်ကိုရောပြီးကျစ်လိုက်တာကလည်း ၈၀ ခုနှစ်ပိုင်းကအမျိုးသမီးတွေအသုံးများတဲ့ ဆံပင်ပြင်နည်းတစ်ခုပါ။ ရိုးရှင်းပေမဲ့ ဆံပင်နှင့်ပဝါရဲ့တွဲဖက်မှုက အတော်လေးလှသလို အမြင်ဆန်းတဲ့ဆံပင်ပုံစံလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=744,q=100/fc/fcde43cbad46ac99a396611b3dd89a286536c8c3.jpg
https://s9.kh1.co/__image/w=537,h=1024,q=100/77/7727753fa872b5a2a6aa16b22e87fe341f0a076e.jpg

(၄) ဒီနည်းလမ်းကတော့ ပဝါအကြီးတွေနှင့်လုပ်ရတဲ့နည်းပါ။ ပုဝါကိုတြိဂံပုံခေါက်ပြီး ဦးခေါင်းအပေါ်ဖက်ကို ပဝါနှင့်အကုန်ဖုံးပြီး ဆံပင်အောက်မှာချည်ထားတဲ့ပုံဖြစ်ပါတယ်။ ပျော်ပွဲစားနှင့်ခရီးထွက်တဲ့အချိန်လိုမျိုးမှာ ပြင်ဆင်ချိန်နည်းပြီးပုံရိုက်ရင်လည်းလှစေတဲ့နည်းလမ်းလေးပါ။

https://s9.kh1.co/__image/w=564,h=846,q=100/6d/6d06f72840488b5f1c971436bbc74df320674333.jpg
https://s9.kh1.co/__image/w=564,h=752,q=100/b4/b47e5c4b1344724dfedc795cf818c5444ed357c9.jpg

(၅) ပဝါအကြီးနှင့်ဆံပင်အကုန်လုံးကိုသိမ်းပြီးဖုံးထားလိုက်တဲ့ပုံစံပါ။ ဒီနည်းလမ်းကတော့ ရိုးရှင်းပေမဲ့ ပဝါပုံစံကနေရာတကျဖြစ်ဖို့ခက်ခဲနိုင်ပါတယ်။ အရင်ခေတ်ကအမျိုးသမီးတွေလုပ်လေ့ရှိတဲ့ပုံစံဖြစ်ပြီးတော့ ရိုးရှင်းပြီးထူးခြားတဲ့ပုံစံလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=769,q=100/11/1158159635692cc11fa154a076d1d266c4c00ff9.jpg
https://s9.kh1.co/__image/w=564,h=709,q=100/46/4674bcb237dfc7df72b09467d8476b788772b1da.jpg

Photos from Google

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T