(1) Dr.G Green Mild Up Sunscreen


Korea အလှကုန်ဘရန်းတစ်ခုဖြစ်တဲ့ Dr.G ရဲ့ Green Mild Up Sun ကတော့ မြန်မာနိုင်ငံကအသားအရေထိန်းသိမ်းတဲ့သူတွေကြားမှာနာမည်ကြီးပြီးသား ထုတ်ကုန်တစ်ခုပါ။ Sensitive Skin တွေကအစ တော်တော်များများနှင့် တည့်တဲ့အပြင် လိမ်းလိုက်ရင်ပြာသွားတာမျိုးမရှိဘဲ ဈေးနှုန်းကလည်းတော်သင့်တာကြောင့် လူကြိုက်များတဲ့ Brand တစ်ခုပါ။ ပြီးတော့ Dr.G ဟာအသားအရေအမျိုးအစားအလိုက် သုံးစွဲနိုင်ဖို့ Sunscreen ကိုအမျိုးအစားလေးမျိုးခွဲပြီးထုတ်ပေးထားပါတယ်။
(2) Barr Sun Essence


နာမည်ကောင်းတွေအများကြီးရထားတဲ့ Barr ရဲ့ဒီ Sun Essence ဟာလည်း မြင်းခွာရွက်ပါဝင်တာကြောင့် တော်ရုံမတည့်တာများတဲ့သူတွေတောင် အသုံးပြုကြတဲ့နေလောင်ကာခရင်မ်ပါ။ လိမ်းလိုက်ရင် အစိုဓာတ်ကိုတစ်ခါထဲပေးပြီး ပြာသွားတာနှင့်ခြောက်သွားတာမျိုးမဖြစ်တာကြောင့် လူကြိုက်များတဲ့ Sunscreen ဖြစ်ပါတယ်။
(3) Ma:Nyo Our Vegan Basic Daily Sun Cream


Ma;Nyo ရဲ့နာမည်ကြီး ဖြစ်တဲ့ Our Vegan Basic Daily Sun Cream ဟာလိမ်းရလွယ်ပြီးပေါ့ပါးတဲ့ Texture ရှိတာကြောင့် သုံးစွဲသူတွေကြားမှာ အဆင်ပြေတဲ့ နေလောင်ကာခရင်ခ်အနေနှင့်နာမည်ကြီးပါတယ်။ သူ့ရဲ့ပါဝင်ပစ္စည်းတွေထဲမှာ အယ်လ်ကိုဟောအနည်းငယ်နှင့် ပဲစေ့တွေကနေရတဲ့ကော်လာဂျင်တစ်မျိုးပါဝင်တာကြောင့် မျက်နှာပေါ်လိမ်းလိုက်တာနှင့်အေးပြီးတော့ အသားထဲစိမ့်ဝင်လွယ်ပါတယ်။
(4) Biore' UV Sunscreen


ဒီ Sunscreen လေးကတော့ ဈေးနှုန်းအရအတော်လေးသက်သာပြီး တည့်တဲ့သူများတာကြောင့်လူကြိုက်များတဲ့ Brand တစ်ခုပါ။ Watery Essence ဖြစ်တာကြောင့် လိမ်းရအဆင်ပြေပြီးတော့ လိမ်းထားမှန်းမသိလောက်အောင်ပေါ့ပါးတဲ့ Texture ရှိပါတယ်။ ဒါပေမဲ့ Biore' UV ဟာ Tone Up ပါတာကြောင့် အများကြီးလိမ်းမိရင် အသားညိုတဲ့သူတွေမှာ ပြာသွားတာမျိုးဖြစ်နိုင်ပါတယ်။
Photos from Google





