(၁) အနက်ရောင်ကိုယ်ကြပ်ဂါဝန်တို
အနက်ရောင်ဂါဝန်တွေဟာ ဘယ်လိုမိတ်ကပ်နှင့် ဆံပင်ပုံစံနှင့်မဆိုလိုက်ဖက်တာကြောင့် မိန်းကလေးတိုင်းမှာ တစ်ထည်လောက်တော့ ရှိသင့်တဲ့အရာပါ။ ဒီအနက်ရောင်ဂါဝန်ကို ပါတီပွဲတက်လိုမျိုးကအစ အပေါ်ကနေ ဂျက်ကတ်ထပ်ဝတ်ပြီး ပေါ့ပေါ့ပါးပါးဝတ်စုံလေးအဖြစ်ပါဝတ်ဆင်နိုင်ပါတယ်။


(၂) အပြာရောင်ဂျင်းဘောင်းဘီနှင့် အဖြူရောင် Top
အရိုးဆုံးကအဆန်းဆုံးဆိုသလိုပဲ ဘယ်တော့မှလူတွေမငြီးငွေ့မယ့် ဂျင်းဖက်ရှင်နှင့်သူ့ရဲ့တွဲဖက် အဖြူရောင် Top အတွဲအစပ်ကလည်း မိန်းကလေးတိုင်းမှာရှိသင့်တဲ့ဖက်ရှင်တစ်ခုပါပဲ။ ဒီအတွဲအစပ်နှင့်ဆိုရင် ပုံမှန်ပေါ့ပေါးပါးပါးဝတ်နေကျကနေ ညဖက်ပွဲတော်တွေမှာပါ လွတ်လွတ်လပ်လပ်ပျော်နိုင်တဲ့ဝတ်စုံအဖြစ် ဝတ်ဆင်နိုင်ပါတယ်။


(၃) ဇာထိုးအင်္ကျီများ
ကျက်သရေရှိပြီး ခမ်းနားတဲ့အလှအတွက် ဇာနှင့်ချုပ်လုပ်ထားတဲ့ Top & Dress တွေကလုပ်ဆောင်ပေးနိုင်ပါတယ်။ ရုံးသွားဖက်ရှင်ကနေပြီး မိသားစုတွေ့ဆုံပွဲလိုမျိုး လူကြီးတွေနှင့်တွေ့ရတဲ့ပွဲတွေမှာပါ ဝတ်ဆင်နိုင်ပါတယ်။


(၄) လည်သာဂျတ်ကတ်တစ်ထည်
မိမိုက်ပြီးငယ်ရွယ်တဲ့ဖက်ရှင်အတွက် လည်သာဂျတ်ကတ်တစ်ထည်ကမရှိမဖြစ်လိုအပ်တဲ့အရာပါပဲ။ ဒီဂျက်ကတ်ကို ရိုးရှင်းတဲ့တီရှပ်တွေနှင့်တွဲဖက်ဝတ်ဆင်နိုင်သလို Dress တွေနှင့်ပါတွဲဖက်ပြီး ထူးခြားတဲ့ဖက်ရှင်ပုံစံလေးဖြစ်အောင်ဖန်တီးလို့ရပါတယ်။


(၅) အနီရောင်အဝတ်အစား
အနီရောင်လည်စည်း ဂါဝန် ဦးထုပ်အစရှိတဲ့ အနီရောင်အထည်တွေဟာလည်း မိန်းကလေးတွေအတွက် မရှိမဖြစ် အရာတစ်ခုပါပဲ။ တက်ကြွပြီးတောက်ပတဲ့ ဖက်ရှင်ကိုပုံဖော်ပေးနိုင်တဲ့အနီရောင်အဝတ်အစားတွေဟာ မိန်းကလေးတိုင်းမှာရှိနေသင့်တဲ့ အရာဖြစ်ပါတယ်။


Photos from Pinterest