ဘဲဥချဥ်ရည်ဟင်းတစ်ခွက် ဘယ်လို လွယ်လွယ်မြန်မြန် ချက်ကြမလဲ ..?

//s9.kh1.co/28/28dbd1887b6c6b46085ef6fdae5f18801f10fd5e.jpg
MPT Lifestyle

 ၁၂-အောက်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဘဲဥချဥ်ရည်ဟင်းတစ်ခွက် ဘယ်လို လွယ်လွယ်မြန်မြန် ချက်ကြမလဲ ..?

ဘဲဥကို မင်မင်က ကြော်စား၊ ပြုတ်စားတာထက် မန်ကျည်ရည်လေးနှင့် မဆာလာလေးခပ်ပြီး ချက်စားရတာက ပိုပြီးကြိုက်တယ်။ မကြာခဏလည်း ချက်စားဖြစ်တယ်။ ဒီတော့ ဒီတစ်ခါမှာ မင်မင်ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်းကို အရသာရှိရှိနဲ့ အလွယ်ဆုံးနှင့် အမြန်ဆုံး ဘယ်လိုချက်ရလဲဆိုတာကို မျှဝေပေးပါမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5f/5f4b29e1045bd7f66461f0dd7bf4bffdae2a4e85.jpg

အရသာရှိတဲ့ ဘဲဥချဉ်ရည်ဟင်း ချက်နည်းမပြောခင်မှာ အရင်ဆုံး လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်။

https://s9.kh1.co/__image/w=600,h=400,q=100/1a/1a3b9363a2fc778291cd9723114c2037c7438e7a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/4d/4da2ac2aceb4957f924f2a9e00482d919b62a88e.jpg

(၁) ဘဲဥ

(၂) မန်ကျည်းသီးမှည့်

(၃) ကြက်သွန်(အဖြူ/အနီ)

(၄) ဟင်းခပ်မဆာလာ

https://s9.kh1.co/__image/w=650,h=488,q=100/a9/a9ef2aa6f5cf888e219b76606c93dfc3ca5b1b5d.jpg

ချက်နည်းအဆင့်ဆင့်.......

ဘဲဥကိုအရင်ဆုံးပြုတ်ပြီး အခွံခွာထားပေးပါ။ ကိုယ်က အလုံးတိုင်းစားချင်ရင်တော့ မခြမ်းပါနဲ့။ ပြီးရင် ကြက်သွန်(အဖြူ/အနီ) နှင့် ငရုတ်ကိုရောပြီးထောင်းတာကို ဆီသတ်ပါ။ ဆီသတ်ပြီး အရောင်ပြောင်းလာရင် စောစောက အခွံခွာထားတဲ့ ဘဲဥတွေကို ထည့်ပြီး အနည်းနည်းမွေပေးပါ။ ပြီးရင်တော့ မန်ကျည်းရည်ထည့် အချို/အငန်‌ ထည့်ပြီး ပွတ်ပွတ်ဆူလာတဲ့အထိ ချက်ပြုတ်ပေးပါ။ မဆာလာကတော့ ဟင်းအိုးမချခင် ထည့်ရမှာပါ။ ကဲ…ဒါဆိုရင် အရမ်းအရသာရှိတဲ့  ဘဲဥချဥ်ရည်ဟင်း စားလို့ရပါပြီနော်…။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T