ခရမ်းချဉ်သီး ငါးပိချက်ကို အလွယ်ဆုံးနှင့် အရသာရှိအောင် ဘယ်လိုချက်ရမလဲ…?

//s9.kh1.co/84/849886b936a1bc7e8c4978024c94ec78938c6d47.jpg
MPT Lifestyle

 ၁၂-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဒီတစ်ခါမှာတော့ အိမ်ရှင်မတွေအတွက် ဈေးဖိုးလည်းအကုန်အကျသက်သာမယ်၊ အရသာရှိပြီး ထမင်းမြိန်စေမယ့် အလွယ်ဆုံး ခရမ်းချဉ်သီး ငါးပိချက် ချက်နည်းလေးကို မျှဝေသွားမှာဖြစ်ပါတယ်။

အရသာရှိတဲ့ ခရမ်းချဉ်သီးငါးပိချက် ချက်နည်းလေးကို မပြောခင်မှာ ထုံစံအတိုင်း လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ပြောပြပေးပါမယ်…..

https://s9.kh1.co/__image/w=650,h=366,q=100/31/316167b61d445733b11b9a77dfac5b957d25ebdc.jpg
https://s9.kh1.co/__image/w=650,h=432,q=100/c7/c78efdb97b3c30e8b1efc285aa438068dce1fb05.jpg

အရသာပြီးပြည့်စုံတဲ့ ခရမ်းချဉ်သီးငါးပိချက်ရဖို့ဆိုရင် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက ခရမ်းချဉ်သီး ၊ ကြက်သွန်(ဖြူ/နီ) ၊ ငရုတ်သီးစိမ်း/အရောင်တင်မှုန့်၊ နံနံပင် နှင့် မျှင်ငါးပိ အနည်းငယ် တို့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=397,q=100/9b/9bf3d88828ebb1a44b7edc43f0a9fd59b07bbfa9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/6d/6d37fbf8a7e81659b68477caed0a0acf012f6b6d.jpg

ကဲ…ပါဝင်ပစ္စည်းတွေကို ပြောပြီးပြီဆိုတော့ အရသာရှိတဲ့ ခရမ်းချဉ်သီးငါးပိချက် စချက်ကြရအောင်…

မချက်ခင် အရင်ဆုံး ခရမ်းချဉ်တွေကို ရေသန့်စင်အောင် ဆေးပြီး လှီးထားပေးပါ။ ပြီးရင် ကြက်သွန်(ဖြူ/နီ) နှင့် ငရုတ်အရောင်တင်မှုန့်တို့ကို ရောပြီးထောင်းထားပါ။ ဒါတွေအားလုံးလုပ်ပြီးရင် စောစောကလှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ဒယ်အိုးထဲထည့်ပြီး လိုအပ်တဲ့ အချို၊အငန် ၊ ဆီအနည်းငယ် နှင့် မျှင်ငါးပိ တို့ကို တစ်ခါတည်းထည့်ပြီး စတင်ချက်လို့ရပါပြီ။ ခရမ်းချဉ်သီးတွေ နူးအိပြီး ပျော်သွားတဲ့အထိ ခဏခဏ မွေပေးရပါမယ်။

https://s9.kh1.co/__image/w=615,h=582,q=100/f5/f5f6a1e4140c581e8309cafc6343382467cc3791.jpg

ခရမ်းချဉ်သီးကထွက်တဲ့အရည် ကုန်သလောက်ဖြစ်ပြီး ဆီလေးပြစ်ပြစ်နေရင်တော့ ငရုတ်သီးအစိမ်းနှင့် နံနံပင်လေးထည့်လိုက်ပါ။ ပြီးရင်တော့ အရမ်းအရသာရှိပြီး ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီး ငါးပိချက်ကို စားလို့ရပါပြီ။ ကဲ… အလွယ်ဆုံး ခရမ်းချဉ်သီးငါးပိချက် ချက်နည်းလေးကို သိပြီဆိုတော့ ကိုယ်တိုင်လုပ်စားကြည့်ကြပါနော်…။   

သတင်း အရင်းအမြစ် Source - ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T