သီချင်းနားထောင်ရင်း စာလုပ်ကြမယ်

//s9.kh1.co/2f/2f04a3d14e76208f2677dccf97a9d98d188d756d.jpg
MPT Lifestyle

 ၀၈-အောက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

သီချင်းနားထောင်ရင်း စာလုပ်ကြမယ်

သီချင်းနားထောင်ရင်းစာလုပ်တာဟာ တစ်ချို့သူတွေအတွက် ကောင်းတဲ့နည်းလမ်းဖြစ်နိုင်ပေမဲ့ အဆင်မပြေတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်ရင်းစာလုပ်တဲ့အခါ ထိရောက်ပြီးတော့အကျိုးရှိသွားအောင်လုပ်ရမယ့်နည်းလမ်းလေးတွေကိုဖော်ပြသွားပါမယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ae/ae687e7aab9f700237ab862f3f207cd2c0ccdc12.jpeg

(၁) မှန်ကန်တဲ့သီချင်းကိုရွေးချယ်ပါ။

သီချင်းအမျိုးအစားဟာ စာလုပ်နေတဲ့ခံစားချက်ကိုလိုက်ညှိပေးနိုင်တဲ့အမျိုးအစားဖြစ်ရပါမယ်။ အိပ်ငိုက်နေချိန်ဆိုရင် လန်းဆန်းတဲ့သီချင်းလေးတွေနားထောင်တာ အတွက်အချက်တွေလုပ်နေတဲ့အချိန်ဆို ငြိမ့်ညောင်းတဲ့သီချင်းလေးတွေနားထောင်တာ အစရှိသဖြင့် ကိုယ့်ရဲ့ခံစားချက်နှင့်ကိုက်ညီတဲ့သီချင်းကိုရွေးတတ်ဖို့အရေးကြီးပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/3e/3eca1de2882b155ad378d276f2c9b7bf7738e458.jpg

(၂) အသံအတိုးအကျယ်ကိုဂရုစိုက်ပါ။

စာလေ့လာတဲ့ချိန်မှာ အကြားအာရုံမှာပုံမှန်အချိန်ထက် ထိရှလွယ်တာကြောင့်သီချင်းသံရဲ့အတိုးအကျယ်ကိုဂရုစိုက်ပေးပါ။  အသံကိုအလယ်အလတ်မှာထားပြီး နားကြပ်နှင့်နားထောင်တယ်ဆိုရင် တစ်ခါတစ်လေချွတ်ပေးဖို့သတိရပါ။

https://s9.kh1.co/__image/w=650,h=451,q=100/4d/4d9301ea8e72038040b245b595f60ec7c95081f7.webp

(၃) သီချင်းစာသားနှင့်ဘာသာစကားကို အဆင်ပြေတဲ့သီချင်းပဲနားထောင်ပါ။

ဂီတမှာဘာသာစကားမလိုဘူးဆိုပေမဲ့ ကိုယ်မရင်းနှီးတဲ့ဘာသာစကားနှင့်သီချင်းတစ်ပုဒ်ကိုနားထောင်မိရင် သူ့ရဲ့စာသားတွေကိုသိချင်နေတာကြောင့် စာလေ့လာမှုမှာအာရုံစိုက်မှုလျော့သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နှင့်ရင်းနှီးပြီး အဆင်ပြေတဲ့သီချင်းတွေကိုပဲနားထောင်ပါ။

https://s9.kh1.co/__image/w=650,h=434,q=100/e4/e40b016cd5e27ff66c0b8b8f0a3689dbf81bb875.jpeg

(၄) စာလုပ်နေတာကိုမမေ့ပါစေနဲ့

သီချင်းနားထောင်ရင်းစာလေ့လာတယ်ဆိုပေမဲ့ သီချင်းက စာလေ့လာမှုကိုလွှမ်းမိုးသွားရင်အဆင်မပြေပါဘူး။ ဒါကြောင့် သီချင်းကိုအာရုံအဓိကမထားဘဲ စာကိုပဲပိုပြီးအာရုံစိုက်သင့်ပါတယ်။ သီချင်းနားထောင်တာဟာ စာကိုပိုအာရုံစိုက်နိုင်အောင်ကူညီပေးတဲ့ အရာလို့ပဲယူဆထားပြီး နားထောင်သင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/14/14ae6e5ae601a497b2941bc36054be7242f74636.webp

(၅) အဆင်ပြေမပြေကို စစ်ဆေးပါ

ဒီလိုစာလေ့လာရင်း သီချင်းနားထောင်တာဟာကိုယ့်အတွက် အဆင်ပြေရဲ့လားဆိုတာကို ဆန်းစစ်ပါ။ သီချင်းကြောင့် အဆင်မပြေတာ အာရုံမစိုက်နိုင်တာဖြစ်တယ်ဆိုရင် ဒီလိုမလုပ်တော့ဘဲ တစ်ခြားနည်းလမ်းနှင့်ပဲစာလေ့လာပါ။ 

https://s9.kh1.co/__image/w=650,h=345,q=100/d5/d5cf1651c8a3a13ae082bbfb071017ec7626eedb.jpg

#သီချင်း  #စာလေ့လာ  #နားထောင်ခြင်း  #အာရုံစိုက် #နည်းလမ်း #အမျိုးအစား 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T