အတွေးလွန်တတ်တာဟာ ဖြစ်လေ့ရှိပေမဲ့ မကြာခဏအတွေးလွန်ပြီးတော့ ဘယ်ကိစ္စကိုမဆို ဖြစ်နေရင်တော့ အဆင်မပြေပါဘူး။ ဒီလိုဖြစ်ခြင်းဟာ နေ့စဥ်ဘဝနှင့် လုပ်ငန်းခွင်ဘဝမှာပါပြဿနာဖြစ်လာစေနိုင်တာကြောင့် အတွေးလွန်ခြင်းကိုကျော်ဖြတ်ဖို့လိုအပ်ပါတယ်။

အရင်ဆုံးကျော်ဖြတ်ဖို့ဆိုရင် ကိုယ်ကအတွေးလွန်နေကြောင်းသိနေဖို့လိုပါတယ်။ အတွေးလွန်နေကြောင်းသိပြီဆိုရင် ဒါကိုဖြတ်ကျော်နိုင်ဖို့ကလွယ်ကူသွားမှာပါ။ အတွေးလွန်နေရတဲ့အကြောင်းရင်းကိုရှာပြီးတော့ ဒီအရာကတစ်ကယ်ပဲကိုယ်တွေးထားသလိုမျိုး ဖြစ်လာနိုင်ခြေဘယ်လောက်ရှိနေလဲ ဆန်းစစ်ပါ။


ပြီးတော့ စိတ်ကိုထိန်းချုပ်နိုင်ဖို့ တရားထိုင်တာ ယောဂကျင့်တာလိုမျိုး နည်းလမ်းတစ်မျိုးနှင့်စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားကြည့်ပါ။ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေနှင့် ဖိအားလျှော့ချတဲ့နည်းလမ်းတွေရှာဖွေပြီး နေ့စဥ်ဘဝမှာအချိန်တစ်ခုပေးပြီးပုံမှန်လုပ်ဆောင်ပေးခြင်းက အတွေးလွန်တတ်တာကို အတိုင်းအတာတစ်ခုအထိ လျော့နည်းလာစေပါလိမ့်မယ်။


အတွေးလွန်တတ်သူအများစုဟာ အားလပ်ချိန်များနေတဲ့သူတွေဖြစ်တာကြောင့် ဖြစ်နိုင်ရင် အားလပ်ချိန်ကိုအများကြီးမယူသင့်ပါဘူး။ အားလပ်ချိန်မှာလည်း စိတ်ပျော်စေတဲ့အလုပ်တွေ ဝါသနာတွေကိုဆက်တိုက်လုပ်နေတာက အတွေးလွန်ဖို့အချိန်မရှိအောင် ကူညီပေးနိုင်ပါတယ်။

#အတွေးလွန်ခြင်း #အားလပ်ချိန် #နည်းလမ်း #တရားထိုင်





