ကလေးဘဝမှာ အဘိုးအဘွားတွေနှင့်အတူနေထိုင်ခွင့်ရခြင်းဟာတစ်ကယ့်ကိုကောာင်းမွန်တဲ့ လက်ဆောင်လေးပါ။ မိဘတွေကိုပြောပြလို့မရတဲ့အရာတွေကို အဘိုးအဘွားတွေကိုပြောပြနိုင်ပြီးတော့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို အများကြီးသန်မာလာစေပါတယ်။ အဘိုးအဘွားဖြစ်သူတွေရဲ့ ချစ်ပေးမှုနှင့် စောင့်ရှောက်မှုတွေကိုခံခဲ့ရသူတွေဟာ အသက်ကြီးလာတဲ့အထိ အချစ်ခံခဲ့ရတာကိုမမေ့ကြပါဘူး။


ဉာဏ်ပညာပိုင်းဆိုင်ရာမှာလည်း အဘိုးအဘွားတွေဟာ သူတို့ဘဝနှင့်ရင်းပြီးရခဲ့တဲ့ဗဟုသုတတွေကို ပုံပြင်လိုမျိုးပြောပြကြပါသေးတယ်။ လူမျိုးနှင့်ရိုးရာဓလေ့တွေ စိတ်ဝင်စားစရာကောင်းတဲ့မိသားစုနောက်ခံသမိုင်းကြောင်းတွေဟာ အဘိုးအဘွားတွေကပဲပြောပြတတ်ကြတာပါ။ ဒါ့အပြင် သူတို့ဟာ ကမ္ဘာပေါ်မှာနှစ်တွေအကြာကြီးဖြတ်သန်းလာခဲ့ကြတာကြောင့် စိတ်ရှည်သည်းခံမှုရှိပြီးတော့ ကလေးတွေကိုလည်းအပြည့်အဝနားလည်ပေးနိုင်ပါတယ်။


အရေးကြီးဆုံးကတော့ အဘိုးအဘွားတွေနှင့်ကြီးပြင်းခဲ့တဲ့ ကလေးအများစုဟာစိတ်ထားနူးညံ့ပြီးတော့ လေးစားမှုနှင့်ကိုယ်ချင်းစာတရားကြီးမားတဲ့သူတွေအဖြစ် အရွယ်ရောက်လာလေ့ရှိပါတယ်။ သူတို့ဟာ ရှေးအစဥ်အလာတွေနှင့် သက်ကြီးရွယ်အိုတွေအပေါ် နားလည်ပေးမှုရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တစ်ခြားကလေးတွေထက်ပိုပြီးရင့်ကျက်သန်မာကြပါတယ်။


#အကျိုးကျေးဇူး #ဉာဏ်ပညာ #ကလေးဘဝ #ကိုယ်ချင်းစာစိတ် #အဘိုးအဘွား






 Bong I.T
 Bong I.T