အင်တာနက်ခေတ်ဖြစ်လာာနဲ့ စာအုပ်တွေကဖုန်းကနေတစ်ဆင့်ဖတ်တာဟာ ပိုတွင်ကျယ်လာပါတယ်။ လေးလံတဲ့စာအုပ်တွေကို ဖုန်းထဲကနေတစ်ဆင့်ပေါ့ပေါ့ပါးပါးဖတ်နိုင်တဲ့အပြင် ဒီနေ့တော့ စာအုပ်မျိုးစုံကိုတစ်နေရာထဲမှာ ဖတ်နိုင်ပြီးအခမဲ့ဒေါင်းလုတ်ဆွဲလို့ရတဲ့ Website ငါးခုကိုဖော်ပြပေးပါမယ်။

(၁) Project Gutenberg (www.gutenberg.org):
Project Gutenberg ကတော့ မတူညီတဲ့အမျိုးအစားစုံ စာအုပ်ပေါင်းခြောက်သန်းကျော်ကို အခမဲ့ဖတ်နိုင်မမယ့် ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ ပြီးတော့ ဒီမှာအခမဲ့မရတဲ့စာအုပ်တွေရဲ့ Digital ဖိုင်ကိုလည်း အပြင်ကစာကြည့်တိုက်လိုမျိုး ငှားလို့ရပါတယ်။

(၂) Open Library (www.openlibrary.org):
ဒီဝက်ဘ်ဆိုဒ်မှာတော့ ထုတ်ဝေထားသမျှစာအုပ်အကုန်လုံးနီးပါးကိုအခမဲ့ဖတ်နိုင်တဲ့အပြင် ဒစ်ဂျစ်တယ်ကော်ပီပါငှားနိုင်ပါတယ်။ စာအုပ်ပေါင်းမီလီယံနှင့်ချီပြီး ထိန်းသိမ်းထားတဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။

(၃) Google Books (books.google.com):
Google Book Web ကတော့ စာအုပ်တွေရဲ့ Preview တွေကိုကြည့်ပြီး ကိုယ်ကြိုက်တဲ့စာအုပ်ကို ဝယ်ယူနိုင်တဲ့ ဆိုဒ်ဖြစ်ပါတယ်။ Preview အတိုလေးတွေရေးပေးထားတာကြောင့် စာဖတ်သူတွေအနေနှင့် ကိုယ်ကြိုက်တဲ့စာအုပ်ကိုအလွယ်တကူသိနိုင်ပါတယ်။

(၄) LibriVox (www.librivox.org):
ဒီဝက်ဘ်ဆိုဒ်မှာတော့ စာဖတ်ရပျင်းတဲ့သူတွေအတွက် အသံနှင့်ဖတ်ပြထားတဲ့ Audio Books စာအုပ် တွေအများကြီးရှိပါတယ်။ ကမ္ဘာအနှံ့က လုပ်အားပေးတွေရဲ့အကူအညီနှင့် Audio Books အများကြီးကိုထိန်းသိမ်းထားတဲ့ Website တစ်ခုဖြစ်ပါတယ်။

(၅) ManyBooks (www.manybooks.net):
ဒါကလည်း အခမဲ့စာအုပ်တွေအများကြီးကို အမျိုးအစားစုံစုံလင်လင်နှင့်ထိန်းသိမ်းထားတဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။ Pdf Kindle စတဲ့ကိုယ်အဆင်ပြေတဲ့ဗားရှင်းနှင့်စာအုပ်တွေကို ဒေါင်းလုတ်နိုင်ပါတယ်။

#Websites #Books #AudioBooks #စာအုပ်များ #စာဖတ်ခြင်း