Screen Time ကိုဘယ်လိုလျှော့ချကြမလဲ?

//s9.kh1.co/dc/dc4e7e6954a06c56577790949ecc95ae4138a7fa.jpg
MPT Lifestyle

 ၀၅-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အတတ်နိုင်ဆုံး Screen Time လျှော့ကြမယ်

(၁) သတိပေးတဲ့ App တွေသွင်းထားပါ။

ဖုန်းသုံးတာ အချိန်တစ်ခုကြာရင် သတိပေးစာပို့ပေးမယ့် App တစ်ခုခုကိုဖုန်းထဲထည့်ထားပါ။ တစ်ရက်ကိုဘယ်လောက်ထိ ဖုန်းကြည့်မိတယ်ဆိုတာကိုပါ မှတ်တမ်းတင်ထားပြီး Screentime အနည်းအများကိုတွက်ချက်ပါ။

https://s9.kh1.co/__image/w=650,h=488,q=100/b4/b4a3821caba743f81880b6e6d0ceeb11229e5ef5.webp

(၂) မနက်ခင်းနှင့် အိပ်ခါနီးမှာ ဖုန်းမသုံးမိဖို့ကြိုးစားပါ။ 

တစ်နေ့တာ အစပြုတာနှင့်အဆုံးသတ်တဲ့ အချိန်မှာဖုန်းသုံးမိတာဟာကျန်တဲ့အချိန်တွေထက်ပိုပြီးအရေးကြီးတာကြောင့် အဲ့ဒီ့အချိန်တွေမှာဖုန်းမသုံးမိဖို့ဂရုစိုက်ပါ။ အိပ်ခါနီးဆိုရင် ဖုန်းကြည့်လိုက်မိတာနှင့် ဆက်တိုက်ကြည့်ချင်သွားတတ်တာကြောင့် အဲ့ဒီ့အချိန်တွေမှာ ဖုန်းမကြည့်မိဖို့ဂရုစိုက်ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/3e/3e1ac88b4803320ebcd244dfcc599a38c2d969f9.jpeg

(၃) ဖုန်းမကြည့်ရတဲ့ ဝါသနာတစ်ခုခုရှာဖွေပါ။

Screen Time လျှော့ဖို့အတွက် ဖုန်းမကြည့်ရတဲ့ ဝါသနာတစ်ခုခုရှာဖွေပါ။ စာဖတ်တာ ချည်ထိုးတာအစရှိတဲ့လက်မှုပညာတွေကို အားလပ်ချိန်မှာလုပ်တာက အချိန်တိုင်းဖုန်းသုံးမိနေတဲ့အကျင့်ကို ပြင်ပေးနိုင်မှာပါ။

https://s9.kh1.co/__image/w=650,h=356,q=100/8b/8be2db52b05b6c74f5067e92180ece0ee11776bb.jpg

(၄) မိသားစု နှင့်သူငယ်ချင်းတွေကြားမှာ ဖုန်းမသုံးရမယ့်စည်းမျဥ်းတွေသတ်မှတ်ထားပါ

သူငယ်ချင်းတွေ စုပြီးတွေ့ကြတဲ့အချိန်လိုမျိုးမှာ ဖုန်းမသုံးကြဖို့ သတ်မှတ်ချက်တစ်ခုထားထားပါ။ မိသားစုဝင်တွေကြားမှာလည်း ဖုန်းသုံးဖို့ထက် အချင်းချင်းစကားပြောတာ အကြောင်းအရာတစ်ခုကိုဆွေးနွေးတာမျိုးလုပ်ပြီး ဖုန်းသုံးတာကိုလျော့ချနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=405,q=100/3b/3b02ff584ed734008cd68bc3aa0abaa32fa97343.webp

(၅) ဖုန်းမသုံးရတဲ့ အချိန်တစ်ခုသတ်မှတ်ထားပါ။

ဖုန်းလုံးဝမသုံးရမယ့် နေ့ ဒါမှမဟုတ် အချိန်အပိုင်းအခြားသတ်မှတ်ထားပြီးတော့ အဲ့ဒီ့အချိန်အတွင်းမှာ လုံးဝဖုန်းမကြည့်ဖြစ်ဖို့ ကြိုးစားပါ။ အလေ့အကျင့်ဖြစ်သွားရင် အဲ့ဒီ့အချိန်ကိုတစ်ဖြေးဖြေးတိုးသွားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=310,q=100/7b/7b223823a1eee4273e64363a2d0f587eb5208b0f.webp

#ScreenTime  #ဖုန်းသုံးခြင်း  #လျှော့ချဖို့  #မိသားစု  #သူငယ်ချင်း 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T