အစစအရာရာတန်ဖိုးမြင့်မားလာတဲ့ ခေတ်အခြေအနေကြောင့် လူအများစုဟာ ဝင်ငွေနှင့်ထွက်ငွေမမျှတဘဲဖြစ်လာပါတယ်။ ဒီလိုအခြေအနေတွေမှာ အပိုဝင်ငွေတိုးလာဖို့လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။

(၁) ဝင်ငွေတစ်ခုတည်းပေါ်မမှီခိုပါနဲ့။
သင့်ရဲ့အဓိကဝင်ငွေလမ်းကြောင်းအပြင် အပိုဝင်ငွေလမ်းကြောင်းတစ်ခုကိုပြင်ဆင်ထားပါ။ နေ့ခင်းပိုင်းမှာရုံးအလုပ်လုပ်ကိုင်နေရင် ညနေခင်းတွေမှာကားမောင်းတာ ဈေးရောင်းတာလိုမျိုးအချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီး အပိုဝင်ငွေရှာပါ။

(၂) ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြုပ်နှံပါ။
တစ်ခြားအရာတွေကိုရင်းနှီးမြှပ်နှံတာထက် သင်ကိုယ်တိုင်အပေါ်ရင်းနှီးပါ။ အလုပ်အတွက်လိုအပ်တဲ့ စွမ်းရည်တွေအပြင် တစ်ခြားစွမ်းရည်တွေကိုသင်ယူဖို့အခကြေးငွေနှင့်ကုန်ကျစရိတ်တွေကို သုံးစွဲပါ။ ဒီလိုရင်းနှီးမြုပ်နှံမှုဟာ သေချာတဲ့အကျိုးကိုဖြစ်စေမှာကြောင့်မတွေဝေဘဲလုပ်ဆောင်ပါ။

(၃) သုံးစွဲမှုတွေကို အတတ်နိုင်ဆုံးလျှော့ချပါ။
မလိုအပ်တဲ့ အသုံးအဆောင်တွေနှင့် အပြင်ထွက်စားခြင်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဒါတွေဟာ သင့်ကိုကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေနိုင်သလို သင့်ဝင်ငွေကိုပါထိခိုက်စေနိုင်ပါတယ်။

(၄) ကိုယ်တိုင်လုပ်နိုင်တဲ့အရာတွေပေါ်မှာ ပိုက်ဆံမသုံးပါနဲ့။
သင်ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အရာတွေကို အခကြေးငွေပေးပြီးပြုပြင်တာမျိုးမလုပ်ပါနဲ့။ အိမ်ဆေးသုတ်တာ အဝတ်လျှော်တာ ခြံသန့်ရှင်းလုပ်တာအစရှိတဲ့ အလုပ်တွေကို ကိုယ်တိုင်လေ့လာသင်ယူပြီးလုပ်နိုင်အောင်ကြိုးစားပါ။

(၅) ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ပါ။
သေးငယ်တဲ့လုပ်ငန်းလေးပဲဖြစ်နေပါစေ သင်ကိုယ်တိုင်ဦးစီးနိုင်တဲ့လုပ်ငန်းတစ်ခုကိုတည်ထောင်ထားပါ။ ပြီးတော့ အဲ့လုပ်ငန်းလေးကိုကြီးမားလာစေဖို့မျှော်လင့်ချက်တွေထားပြီး ကြိုးစားလုပ်ဆောင်ရင် အချိန်တစ်ခုအရောက်မှာ သင့်အတွက် ဝင်ငွေပေးနိုင်တဲ့လုပ်ငန်းဖြစ်လာနိုင်ပါတယ်။






