တရုတ်နိုင်ငံ အရှေ့ပိုင်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

//s9.kh1.co/02/02222e17202bdf6eb653711f48455ce01ac39da7.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၃ ၉am · လွန်ခဲ့သော ၁၀ လ က

တရုတ်နိုင်ငံ အရှေ့ပိုင်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Jiangsu ပြည်နယ်၊ Suqian မြို့နှင့် Yancheng မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့မွန်းလွဲပိုင်းလောက်မှာ နာရီပိုင်းအတွင်း လေဆင်နှာမောင်း ၂ ကြိမ်တိုက်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး အခြား ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/9f/9fc04ba6d4e121397c6fd7a530cdc11618e28d68.jpg

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပထမဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်  Suqian မြို့မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၃၇ လုံး ၊ သီးနှံစိုက်ခင်းများနှင့် မွေးမြူရေးခြံများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/38/380dad248331a4e1d14a7979c7b8547f20eb2d30.jpg

အလားတူ ညနေပိုင်းမှာ Suqian မြိုရဲ့  အရှေ့တောင်ဘက် ကီလိုမီတာ ၁၉၀ (မိုင် ၁၂၀ ခန့်) အကွာရှိ Yancheng မြို့မှာ ဒုတိယအကြိမ် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=364,q=100/ab/ab099b618ac92ac81526504bea0fd3a8ef696fc2.jpg

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်မှုဟာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်က  ပြည်နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့သလို အဲ့ဒီတစ်နေ့တည်းမှာတင် အခြားလေဆင်နှာမောင်းကြောင့် ဝူဟန်မြို့မှာ လူ ၈ ဦးလောက် သေဆုံးခဲ့ပါတယ်။ 

သတင်း အရင်းအမြစ်Source - khaosodenglish

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T